နေပူခံနိုင်အောင်ဖြစ်ပါတယ်။

နေပူဒဏ်ခံနိုင်စေရန် ရေခဲတုန်းတွေတင်ကာ တာလပတ်တွေ အလုံပိတ်ထားတဲ့ ကားထဲမှာလိုက်ပါပြီး ထိုင်းနိုင်ငံထဲကို ခိုးဝင်တဲ့ မြန်မာတွေကို ထိုင်းရဲတပ်ဖွဲ့က တားဆီးလိုက်ပါတယ်။

Photo - SAW

မြန်မာနိုင်ငံသားတွေကို တရားမဝင် တင်ဆောင်မောင်းနှင်လာတဲ့ လိုင်စဉ် B4198 အီဇူးဇူး ပစ်ကပ်ကားအဖြူရောင်ဟာ ပကျော့ခီရီခန်ခရိုင် ကလောင်ဝမ်မြို့ကနေ ဖက်ကစန် အဝေးပြေးလမ်းမကြီးပေါ်မှာ မောင်းနှင်သွားနေစဉ် ရဲကားတွေက မင်္သကာတာကြောင့် အနောက်ကလိုက်ဖမ်းခဲ့တာလို့ ထိုင်းနိုင်ငံအခြေစိုက် Social Action for Children and Women အဖွဲ့ကနေ သိရပါတယ်။

နေပူရှိန်မကျသေးတဲ့ ညနေ လေးနာရီမှာ အဝေးပြေးလမ်းမပေါ်ကနေ ကားကို အရှိန်မြင့်မောင်းနေတာကြောင့် ပထမပိုင်းမှာ ရဲတွေက မူးယစ်ဆေး တွေသယ်လာတယ်လို့ မင်္သကာဖြစ်ပြီး နောက်ကနေ ရဲကားတွေက တစ်နာရီကြာ အမီလိုက်ပြီး ရပ်ခိုင်းခဲ့တာပါ။

Photo - SAW

ထို့နောက် စစ်ဆေးခဲ့ရာ ကားနောက်ပိုင်းမှာ တာလပတ်တွေနဲ့ အလုံပိတ်ထားပြီး အတွင်းမှာ မြန်မာနိုင်ငံသား ၃၂ ဦး (အမျိုးသား ၂၀- အမျိုးသမီး၁၂ ဦး)ဟာ ရေခဲတုံးတွေပေါ်မှာ ထိုင်လိုက်လာကြတာကို တွေ့ရပါတယ်။

ကားမောင်းတဲ့ ထိုင်းနိုင်ငံသားကတော့ ရေခဲတုံးတွေ အောက်ကခံထားရတာဟာ မြန်မာနိုင်ငံသားတွေ အပူရှိန်ကိုခံနိုင်အောင်ဖြစ်တယ်လို့ ထွက်ဆိုခဲ့ပြီး မြန်မာနိုင်ငံသားတွေဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ တောလမ်းအတိုင်း ထိုင်းနိုင်ငံ ကန်ချနဘူရီကို ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။ နယ်စပ်ကနေ မလေးအထိ ပို့ဆောင်ခအဖြစ် လူကုန်ကူးသူတွေကို တစ်ဦးကို ထိုင်းဘတ်ငွေ ၁၆၅၀၀ ကျပ်ငွေ ၇သိန်းခွဲစီး ပေးခဲ့ရတယ်လို့ သိရပါတယ်။

၀၀၈ ခုနှစ်အတွင်းက ရနောင်းကနေ တရားမဝင် မြန်မာနိုင်ငံသား ၅၄ ဦးကို ရေခဲတင်ကားနဲ့ ပိတ်လှောင်တင်ဆောင်လာချိန် ကားတွင်းမှာ မွန်းကြပ်ပြီး ၅၄ ဦးစလုံး သေဆုံးခဲ့ရမှု ဖြစ်ပွားခဲ့ပါတယ်။

Share

Loading Next Article...
က္က