ကစားသမားလေးဦးကို စာချုပ်သစ်ချုပ်ဆိုခဲ့လို့ပါ။

အာဆင်နယ်အသင်းဟာ ဒေးဗစ်လုဇ်၊ ပါဘလိုမာရီ၊ ဆီဒရစ်ဆွားစ် နဲ့ ဒန်နီဆီဘယ်လော့စ်တို့ကို စာချုပ်သစ်တွေချုုပ်ဆိုခဲ့အပြီးမှာတော့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။


အာဆင်နယ်အသင်းဟာ ဒေးဗစ်လုဇ်၊ ပါဘလိုမာရီ၊ ဆီဒရစ်ဆွားစ် နဲ့ ဒန်နီဆီဘယ်လော့စ်တို့ကို စာချုပ်သစ်တွေချုုပ်ဆိုခဲ့အပြီးမှာတော့ ပရိသတ်တွေရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ အသင်းပရိသတ်တွေဟာ အသင်းရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ဒေါသူပုန်ထနေကြကာ ဒီကစားသမားတွေကို ဘာကြောင့် စာချုပ်သစ်တွေချုပ်ခဲ့တာလဲဆိုတာကို မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။ 

ဒေးဗစ်လုဇ်ဟာ မန်စီးတီးနဲ့ကစားခဲ့တဲ့ပွဲမှာ အမှားအယွင်းတွေကျူးလွန်မိခဲ့သူဖြစ်ပါတယ်။ မာရီကတော့ နိုဝင်ဘာလကတည်းက အသင်းအတွက်ကစားပေးနိုင်ခြင်းမရှိသလို ဆွားစ်ကလည်း ဆောက်သမ်တန်ကနေ အငှားနဲ့ပြောင်းရွှေ့လာပြီးကတည်းက အသင်းအတွက် တစ်ပွဲမှမကစားခဲ့ရသူဖြစ်ပါတယ်။ 

ဆီဘယ်လော့စ်ဟာလည်း ပုံမှန်ကစားခွင့်ရနေတဲ့ ကစားသမားမဟုတ်ဘဲ လက်ရှိရာသီပြီးဆုံးချိန်ထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုကစားသမားတွေကို စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် တွစ်တာပေါ်မှာ အာဆင်နယ်ပရိသတ်တွေရဲ့ ဒေါသတကြီး ပြောဆိုနေမှုတွေကို မြင်တွေ့ခဲ့ရပြီး ပရိသတ်တစ်ဦးက "ချန်ပီယံရှစ်ကို ငါတို့လာနေပြီ" လို့ ရေးသားခဲ့ပါတယ်။ အဆိုပါရေးသားမှုကို နောက်ထပ်အာဆင်နယ်ပရိသတ်တစ်ဦးက "အနည်းဆုံးတော့ ငါတို့တွေ အဲဒီမှာ အမှတ်ပေးဖလားယူနိုင်တာပေါ့" လို့

တုံ့ပြန်ခဲ့ပါတယ်။ 

ဒီကစားသမားတွေနဲ့ အသင်းကို ဘယ်လိုတည်ဆောက်မှာလဲလို့ ပရိသတ်တွေက မေးခွန်းထုတ်နေခဲ့ကြပြီးတော့ စွမ်းဆောင်ရည် ၀/၁၀ ရှိခဲ့တဲ့ ဒေးဗစ်လုဇ်အတွက် စာချုပ်သက်တမ်းတိုးပြီး ချီးမြှင့်ခဲ့တာလားလို့ လှောင်ပြောင်မှုတွေလည်းရှိနေခဲ့ပါတယ်။ ပရိသတ်တွေရဲ့ အမျက်ဒေါသထွက်နေချိန်မှာ အသင်းအားကစားဒါရိုက်တာအီဒူးက စာချုပ်သစ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျေနပ်ပျော်ရွှင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။ 

"အသင်းအနာဂတ်မှာ ဒီကစားသမားတွေဆက်ရှိနေမယ့်အတွက် ကျွန်တော်တကယ်ဝမ်းသာမိပါတယ်၊ အာတီတာနဲ့ ကျွန်တော့်ရဲ့ စီမံကိန်းတွေမှာ သူတို့ကရေရှည်ပါဝင်မယ့်သူတွေပါ၊ အသင်းအတွက်မှန်ကန်တည်ငြိမ်မှုတွေကို သူတို့ယူဆောင်လာမှာပါ၊ ဒေးဗစ်က ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်ပါတယ်၊ ဒီရာသီမှာ အသင်းအတွက် ပွဲအများကြီးကစားပေးထားခဲ့ပြီး သူ့ရဲ့ ပေးပို့မှုတွေ၊ အသင်းနဲ့ ကွင်းတွင်းကွင်းပြင်ဆက်ဆံရေးတွေက အသင်းအတွက်အရေးပါပါတယ်၊ အားလုံးကို သူ ကူညီပေးမှာပါ" လို့ အီဒူးက အသင်းရဲ့ ဝက်ဘ်ဆိုက်ကတဆင့် ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

အာဆင်နယ်ကတော့ လက်ရှိမှာ အဆင့် ၁ဝနေရာမှာ ရပ်တည်နေပြီးတော့ လာမယ့်ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ မနက်ဖြန်မှာ ကစားသွားရမှာဖြစ်ပါတယ်။ လာမယ့်ရာသီမှာ ဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့အတွက် ခက်ခက်ခဲခဲကြိုးစားရတော့မှာဖြစ်ပြီး အသင်းရဲ့လက်ရှိပုံစံတွေအပေါ်မှာတော့ ပရိသတ်အများအပြားက စိတ်ပျက်နေတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

Share

Loading Next Article...
က္က