အလုပ်ခွင်ရွေးချယ်မှုနဲ့ကျောင်းသားတွေရဲ့ အားသာချက်တွေကို ဖော်ထုတ်ပေးသွားမှာပါ

ဘွဲ့ရပြီးခါစ ကျောင်းသားများ အလုပ်အကိုင် ရွေးချယ်ရေးနဲ့အခွင့်အလမ်းသစ်များ ရှာဖွေနိုင်ရေး အကူအညီပေးမယ့် Student Mentorship Program ကို Intern Plus Myanmar မှ ပြုလုပ်သွားမယ်လို့ဆိုပါတယ်။


ရက်သတ္တပတ် ၈ ပတ် ကြာမြင့်မယ့် ဒီအစီအစဉ်မှာ ရွေးချယ်ခံရတဲ့ ကျောင်းသားကျောင်းသူတွေကို Mentor တစ်ဦးမှ ကျောင်းသားတစ်ဦးချင်းစီကို ၎င်းတို့နှင့် ကိုက်ညီတဲ့ Career Foundation ရွေးချယ်နိုင်ဖို့ဆွေးနွေးတိုင်ပင်ပေးသွားမှာလည်း ဖြစ်ပါတယ်။ Student Mentorship Program ဟာ ကျောင်းပြီးစ လူငယ်များအတွက် လုပ်ငန်းခွင်နယ်ပယ် ရွေးချယ်မှုအတွက် လမ်းညွှန်ပေးဖို့အပြင် ကျောင်းသားတစ်ယောက်ချင်းစီရဲ့ အားသာချက်များကိုလည်း Mentors များမှ ဖော်ထုတ်ပေးသွားမှာပါ။

Photo: Intern Plus

ဒီ Program ဟာ Facebook Mentorship Tools တွေကို သုံးပြီး ကျောင်းသားတွေနဲ့ဆွေးနွေးတိုင်ပင်ပေးသွားမယ့် ပထမဆုံး Mentorship Program လည်း ဖြစ်တယ်လို့ဆိုပါတယ်။ Intern Plus ကနေ ပြုလုပ်သွားမယ့် ယခုအစီအစဉ်မှာ ပါဝင်မယ့် ကျောင်းသား Mentor Mentee များကို Follow up ပြုလုပ်ခြင်း ၊ pre & post Mentorship program များအတွက် ရလဒ်များ တိုင်းတာပြီး နောက်လာမယ့် Batch တွေအတွက် တိုးတက်အောင် မွမ်းမံသွားမယ်လို့ဆိုပါတယ်။


"Mentors တွေက များသော အားဖြင့် သူ့ သက်ဆိုင်ရာနယ်ပယ်မှာ သူကျွမ်းကျင်သူတွေ ဖြစ်ပါတယ်၊ သူတို့ကို ကျွန်မတို့က invite လုပ်ပြီး ကလေးတွေ အတွက် တစ်ဖက်တစ်လမ်းက ကူညီပေးဖို့ အကူညီတောင်းထားပါတယ်။" လို့Intern Plus ရဲ့ CEO ဖြစ်သူ မသူသူအောင်က ပြောပါတယ်။

Photo: Intern Plus

ယခု program မှာ ကူညီဖို့ Group ထဲမှာ Mentors အယောက်(၂၂) ကျော်လောက် ရောက်ရှိနေပြီ ဖြစ်ကာ mentorship အတွက် လျှောက်ထားတဲ့ ကျောင်းသားတွေကတော့ (၂၀၀) လောက်ရှိနေပြီလို့လည်း ဆိုပါတယ်။ Student Mentorship Program အတွက် လျှောက်ထားသူ ကျောင်းသားဦးရေထဲကနေ အယောက် ၅၀ လောက်ခန့်ရွေးချယ်သွားမယ်လို့လည်း မသူသူအောင်က ပြောပါတယ်။


ယခု Mentorship Program အတွက် လက်ရှိ တက္ကသိုလ်တက်နေဆဲ ကျောင်းသားများနှင့် ကျောင်းပြီးစ လူငယ်များလည်း လျှောက်ထားနိုင်မှာ ဖြစ်ပြီး လျှောက်ထားလိုပါက Intern Plus Myanmar ရဲ့ Facebook Chat box မှာ SMP လို့ရိုက်ထည့်ပြီး စတင်လျှောက်ထားနိုင်မယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က