ရဟန်းဝတ်နေတာတဲ့။

ဘုန်းကြီးကျောင်းမှာ တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် သွားရောက်လှူဒါန်းခဲ့တဲ့ ချောရတနာဟာ သရုပ်ဆောင် မင်းဟိဏ်းကို ရဟန်းဝတ်နဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရတာကြောင့် အရမ်းကို ဝမ်းသာခဲ့တယ်လို့ ဆိုပါတယ်။

Photo : ချောရတနာ FB

 

သရုပ်ဆောင် ချောရတနာဟာ ဒီနေ့(စက်တင်ဘာ ၁၂ရက်)မှာ ဓမ္မဒူတ ဇေတဝန်တောရဆေကိန္ဒာရာမကျောင်းတိုက်သို့ အလှူသွားလုပ် ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းမှာ တစ်နေ့တာ ဆွမ်းအလှူရှင်အဖြစ် သွားရောက်လှူဒါန်းခဲ့တဲ့ ချောရတနာဟာ သရုပ်ဆောင် မင်းဟိဏ်းကို ရဟန်းဝတ်နဲ့ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ရတာကြောင့် အရမ်းကို ဝမ်းသာခဲ့တယ်လို့ ဆိုပါတယ်။

"ယနေ့ကုသိုလ် ကုသိုလ်ပြုရလို့ပီတိ ဖြစ်ရသလို ဦဇင်း ကိုတွေ့တော့ ပိုပြီး ဝမ်းသာရတယ်" ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ စက်တင်ဘာ(၁၂) ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

Photo : ချောရတနာ FB



သရုပ်ဆောင် ချောရတနာက မိသားစုနဲ့အလှူလုပ်တဲ့ ပုံလေးတွေကို တင်ထားသလို ဦးဇင်း မင်းဟိဏ်းနဲ့ တွေ့ဆုံခဲ့တဲ့ ပုံလေးတွေကိုလည်း တင်ထားတာ တွေ့ရပါတယ်။မင်းဟိဏ်းဟာ အနုပညာလောကနဲ့ အချိန်အတော်ကြာ ဝေးကွာနေခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုလိုမျိုး ရဟန်းဝတ်နဲ့ ပုံကို ပရိသတ်တွေ တွေ့လိုက်တဲ့အချိန်မှာ အရမ်းလည်း အံ့သြနေကြသလို ဦးဇင်းအတွက် သာဓုလည်း ခေါ်နေကြတာ တွေ့ရပါတယ်။

Photo : ချောရတနာ FB

အလှပျက်ပြီး ဝနေပေမယ့် ချစ်စရာကောင်းသူလေးတွေနဲ့ သာယာနေတယ်ဆိုတဲ့ ချောရတနာ 

သရုပ်ဆောင် ချောရတနာဟာ လက်ရှိမှာ အနုပညာအလုပ်တွေ နားထားပြီး မိသားစုကို အချိန်ပေးနေသူ ဖြစ်ပါတယ်။ သမီးငယ်လေးကို ၂၀၁၈ခုနှစ် မေလ(၁၂) ရက်နေ့က မွေးဖွားခဲ့တာ ဖြစ်ပါတယ်။

သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးကော မိခင်ပါကျန်းကျန်းမာမာရှိခဲ့တယ်လို့ သိရပါတယ်။ ချောရတနာဟာ သမီးလေးကိုယ်ဝန်စရှိကတည်းက အကျႌကြောငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးရင်လည်း ကြော်ငြာတွေ ရိုက်ကူးဖို့ အတွက်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။ ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။

Photo : ချောရတနာ FB

 

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေး ခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က