စတားလင်းရဲ့ ပေါင်ကြားထဲကို ဘောလုံးထည့်ပြီး တစ်ကွက်ပြသွားခဲ့တာပါ။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ပုံမှန်လုပ်နေကျ လှည့်ကွက်အတိုင်း လုပ်ဆောင်ခဲ့ပြီး မန်စီးတီးကြယ်ပွင့် ရာဟင်း စတားလင်းရဲ့ ပေါင်ကြားထဲကို ဘောလုံးထည့်ပြီး တစ်ကွက်ပြသွားခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီအသင်းက ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အတွက် အီတီဟတ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးက အဖွင့်ဂိုး အရင် ခွင့်ပြုခဲ့ရပြီးမှ စတားလင်း၊ ဂေဘရီရယ် ဂျီးဆပ်စ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက ဘာစီလိုနာနည်းပြဟောင်း ပက်ဂွါဒီယိုလာရှိတဲ့ မန်ချက်စတာစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ ကျိန်းသေလုနီးပါးဖြစ်ခဲ့ပေမယ့် ပဲရစ်ကို သွားဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။



မန်ချက်စတာစီးတီးနဲ့ ပီအက်စ်ဂျီတို့ပွဲစဉ် ၆ မိနစ်မှာပဲ အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးက အလွန်တိကျသေသပ်တဲ့ စကေးနဲ့ စတားလင်းကို အရူးဖြစ်အောင် လုပ်ပြခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားအနေနဲ့ ခုလို ဘောလုံးကို ပေါင်ကြားထဲ မက်ဆီ ထည့်ခံခဲ့ရတဲ့ ပထမဆုံးကစားသမားမဟုတ်သလို နောက်ဆုံးကစားသမားလည်း မဟုတ်တာကြောင့် ဆိုးဆိုးရွားရွား ခံစားရစရာအကြောင်းတော့မရှိပါဘူး။ အာဂျင်တီးနားကြယ်ပွင့်ဆီကနေ စစ်မှန်တဲ့ ပါရမီရှင် လှည့်ကွက်တစ်ခုကို မြင်တွေ့ခဲ့ရပေမယ့်လည်း ပထမပိုင်းဟာ အိမ်ရှင်အသင်းနဲ့ပဲ လုံးလုံးကြီး သက်ဆိုင်လုနီးပါးဖြစ်ခဲ့တာဖြစ်ပြီး မန်စီးတီးဟာ ဧည့်သည် ပီအက်စ်ဂျီကို အသာစီးနဲ့ ကစားနိုင်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းမှာ ကီဗင် ဒီဘရိုင်းနား၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ မပါဝင်ခဲ့ပေမယ့်လည်း ပထမပိုင်း ၄၅ မိနစ်ကို လွှမ်းမိုးထားနိုင်ဆဲဖြစ်ပြီး ဂန်ဒိုဂန်ရဲ့ ဂိုးကန်သွင်းမှုဟာလည်း တိုင်ထိထွက်သွားခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီနောက်ခံကစားသမားတွေဖြစ်တဲ့ မာကွင်ဟို့စ်၊ ကင်ပန်ဘီ၊ ဟာကီမီနဲ့ နူနို မန်းဒက်စ်တို့သာ ကောင်းကောင်း မကာကွယ်နိုင်ခဲ့ဘူးဆိုရင် ပထမပိုင်းဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့မှာမဟုတ်ဘဲ ယခုရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီအိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တုန်းကလည်း မန်စီးတီးက ပွဲစဉ်တလျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပေမယ့် လီဂူးဝမ်းအသင်းကြီးက အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်တုန်းက အီဒရစ်ဆာ ဂေးယီနဲ့ မက်ဆီတို့က ပီအက်စ်ဂျီအသင်းအတွက် နိုင်ပွဲရရှိစေမယ့် သွင်းဂိုးတွေကို သွင်းယူပေးနိုင်ခဲ့ကြပေမယ့် ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာတော့ ဘာနာဒို ဆေးလ်ဗားရဲ့ မှော်ဆန်တဲ့ ဖန်တီးပေးပို့မှုကြောင့် ဂေဘရီရယ် ဂျီးဆပ်စ်က မန်စီးတီးအသင်း အနိုင်ရရှိစေမယ့် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က