မနေ့ညက ဘိုင်ယန်မြူးနစ်တို့ ထပ်ရှုံးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေအပြီးမှာတော့ ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုအတွက် အဖြေက ထွက်သလောက်နီးပါးဖြစ်သွားခဲ့ပါတယ်။ စနေညက ကစားခဲ့တဲ့ပွဲတွေမှာ လေဗာကူဆင်က အဝေးကွင်းမှာ ယူနီယံဘာလင်ကို အနိုင်ရရှိခဲ့တာပါ။



ဒါပေမယ့် သူ့နောက်က လိုက်လံဖိအားပေးနေတဲ့ ဘိုင်ယန်မြူးနစ်ကတော့ အဝေးကွင်းမှာ ဟိုင်ဒန်ဟိမ်းကို မမျှော်လင့်ဘဲ အရေးနိမ့်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ လေဗာကူဆင်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် (၇၆) မှတ်၊ ဘိုင်ယန်မြူးနစ်က ဒုတိယနေရာမှာ ရမှတ် (၆၀) နဲ့ ရပ်တည်နေခဲ့ပါတယ်။

လက်ကျန်ပွဲအရေအတွက်က (၆) ပွဲသာ ကျန်ရှိတော့တာကြောင့်လည်း လေဗာကူဆင်အနေနဲ့ လာမယ့်တစ်ပတ်မှာ ကစားမယ့် ဘွန်ဒက်စ်လီဂါပွဲကို အနိုင်ကစားနိုင်ရုံနဲ့ ချန်ပီယံအဖြစ် စောစောစီးစီး အောင်ပွဲခံနိုင်တော့မှာပါ။ ဘိုင်ယန်မြူးနစ်ကတော့ မနေ့ညက အဝေးကွင်းမှာ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်ပြီးခါမှ သုံးဂိုးပြန်ပေးပြီး အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ဘွန်ဒက်စ်လီဂါမှာ ဘိုင်ယန်မြူးနစ်ရဲ့ လွှမ်းမိုးမှုကို လေဗာကူဆင်တို့ ဖောက်ထွက် ဗိုလ်စွဲနိုင်မယ့် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ကတော့ တတိယနေရာက စတုဂတ်နဲ့တောင် ရမှတ် (၆၀) ချင်း တူညီသွားခဲ့တာကြောင့် နောက်ပွဲတွေမှာ အမှားအယွင်း ထပ်မံပြုလုပ်ခဲ့မယ်ဆိုရင် အဆင့် (၂) နေရာကိုပါ ဆုံးရှုံးရဖွယ်ရှိပါတယ်။

လေဗာကူဆင်ဟာ ဒီရာသီမှာ ကစားပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲ (၂၈) ပွဲမှာ (၂၄) ပွဲအထိ အနိုင်ကစားထားခဲ့ပြီး သရေပွဲ (၄) ပွဲသာရှိခဲ့ပါတယ်။ ရှုံးပွဲလုံးဝမရှိသေးတာကြောင့်လည်း ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရှုံးပွဲမရှိစံချိန်နဲ့ ဆွတ်ခူးနိုင်ဖို့အတွက်ပါ အခွင့်အရေးကောင်းနေပြီဖြစ်ပါတယ်။

Share

Loading Next Article...
က္က