အရမ်းကို ကြည်နူးနေတာပါ။

သရုပ်ဆောင် စိုးပြည့်သဇင်က မိသားစုနဲ့အတူ လှူချင်တဲ့ ရှင်ပြုနားသအလှူလေး ဆောင်ရွက်ခွင့်ရလို့ ပျော်နေပါတယ်.အလှူအတန်းတွေ လုပ်နေရရင် ပျော်နေတတ်တဲ့ သူမရဲ့ စိတ်ဓာတ်လေးက တကယ်ကို ချစ်စရာပါ

Photo : စိုးပြည့်သဇင် FB

သရုပ်ဆောင် စိုးပြည့်သဇင်က မိသားစုနဲ့ အတူ လှူချင်ခဲ့တဲ့ ရှင်ပြုအလှူလေး ဆောင်ရွက်ခွင့်ရတော့မှာ မို့ ပျော်ရွှင်နေတာကို တွေ့ရပါတယ်. ဒီနေ့မှာ ပြုလုပ်မယ့် ရှင်ပြုနားသအလှူမှာ သက်သက်လွတ် ဒန်ပေါက်ကျွေးဖို့အတွက် သူကိုယ်တိုင် ဝင်ချက်နေတာ တွေ့ရပါတယ်။အလှူအတွက် ကိုယ်တိုင် ဝင်ချက်ပြုတ်ပေးရတဲ့အတွက် အရမ်းကို ကြည်နူးမိတယ်လို့ ဆိုပါတယ်။

Photo : စိုးပြည့်သဇင် FB

ဒီနေ့၂၁.၁၂.၂၀၁၈အလှူအဝင်နေ့လေး....မနက်ဖြန်အလှူကြီးနေ့အတွက်....ချက်ပြုတ်သူတွေဆီတတ်နိုင်သလောက်လေးလုပ်အားဒါနပြုကြတယ်.....သိပ်ပျော်ရပါတယ်....ဒီနှစ်သက်သက်လွတ်ဒန်ပေါက်ကျွေးဖို့ပြင်ဆင်တယ်.....သက်သက်လွတ်ဆိုပေမဲ့...အသားတုလေးတွေကိုသေချာချက်ထားတယ်.....စိုးပြည့်နဲ့မေမေလည်းနိုင်သလောက်ကူပြီးချက်တယ်.....အရမ်းကိုကြည်နူးရတယ်......ဤကောင်းမှုအစုစုကိုလည်းနတ်လူသာဓုခေါ်စေသော်???မနက်ဖြန်အလှူကြီးနေ့ကိုလည်းကြွရောက်ကြပါလို့အားလုံးကိုဖိတ်ပါတယ်ရှင်” ဆိုပြီး ဒီဇင်ဘာ(၂၂) ရက်နေ့က ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

သူမရဲ့ အလှူကိုတော့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ကျရင် မန္တလေးမြို့'' ဇီးကန်တောရကျောင်း''. မှာ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်. အလှူအတန်းတွေ လုပ်ရတာ ဝါသနာပါတတ်တဲ့ စိုးပြည့်သဇင်ရဲ့ အကြောင်းတွေကိုလည်း မိခင်ဖြစ်သူ ဒေါ်မာလာခင်က Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်. တစ်ခါ တစ်ခါ အလှူလုပ်ပြီးတိုင်းလည်း ဝမ်းသာမဆုံးဖြစ်တတ်တဲ့ စိုးပြည့်သဇင်ရဲ့ စိတ်ဓာတ်လေးက အရမ်းကို ချစ်စရာကောင်းလှပါတယ်.

'' ဘာသာရေးကိုတော့ အမြဲတမ်း အန်တီက လုပ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း လုပ်တယ်၊ အလှူအတန်းလေးတွေဆိုရင်လည်း လုပ်ရတာ သူဝါသနာပါတယ်။ သူ့ ပရိသတ်တွေနဲ့ရော၊ သူတစ်ယောက်တည်းလည်း လှူတယ်၊ လှူပြီးရင်လည်း ဘယ်လို ဝမ်းသာရတယ် ဆိုတာကို ပြောလို့ မဆုံးဘူး'' လို့ သူကဆိုပါတယ်။

Photo : စိုးပြည့်သဇင် FB

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က