တကယ်လည်းပဲ ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။

အယ်လ်နာဆာတိုက်စစ်မှူးတဦးဖြစ်တဲ့ တယ်လစ္စကာက ရော်နယ်ဒိုဟာ အလွတ်တည်ကန်ဘောကနေ ဂိုးမသွင်းခင်မှာ သူ့ကို ဂိုးဝင်အောင် ကန်သွင်းမယ်လို့ ပြောဆိုခဲ့ကြောင်း ဖွင့်ဟလိုက်ပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဒါမက်နဲ့ပွဲမှာ ရော်နယ်ဒိုက ၂၅ ကိုက်အကွာလောက်မှာ ရတဲ့ အလွတ်တည်ကန်ဘောကနေ အအယ်လ်နာဆာအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပါ။ 



"သူ အလွတ်တည်ကန်ဘော မကန်ချင်မှာ သူ ဂိုးဝင်အောင် ကန်မယ်ဆိုပြီး ရော်နယ်ဒိုက ကျနော့်ကို ပြောခဲ့ပါတယ်၊ အသက် ၃၈ နှစ်တောင် ရှိနေပြီဆိုပေမယ့် သူက အထင်ကြီးစရာကောင်းတုန်းပါပဲ၊ သူက GOAT ပါပဲ" လို့ တယ်လစ္စကာက ပြောဆိုခဲ့ပါတယ်။ 

အလွတ်တည်ကန်ဘောအတွက် ဘောလုံးနားမှာ ရော်နယ်ဒိုနဲ့အတူ သူကရှိနေခဲ့ပြီး ပေါ်တူဂီသားက ဘာပြောခဲ့လဲဆိုတာကို ပြန်ပြီးတော့ သူက ဇာတ်စုံရှင်းပြခဲ့တာပါ။ ရော်နယ်ဒိုက ဂိုးရဖို့အတွက် ယုံကြည်ချက်ပြည့်၀နေခဲ့ပုံရပြီး အမှန်တကယ်လည်း ဂိုးဝင်ခဲ့ကာ ဖရီးကစ်သွင်းဂိုးတွေမရတာ ကြာမြင့်နေတာကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ 

ဒီဂိုးက ၂၀၂၃ အတွင်း သူ့ရဲ့ ၄၁ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့သလို ကစားသမားဘ၀ ဂိုးပေါင်း ၈၆၀ လည်း ပြည့်မြောက်ခဲ့တာပါ။ အယ်လ်နာဆာတိုက်စစ်မှူးဟာ ဆော်ဒီလိဂ်ရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်နဲ့လည်း ရပ်တည်နေပြီး ရွှေဖိနပ်ဆုအတွက် ပြိုင်ဘက်တွေကို အသာစီးရရှိထားဆဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က