အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

နွားလှည်းသွားငှားသည့် ကိစ္စနဲ့ အဆင်မပြေရာကနေ ဖခင်အရင်းကို ဓါးနဲ့ ခုတ်သတ်မှုတစ်ခု ဆီဆိုင်မြို့နယ်မှ ဖြစ်ပွားခဲ့ပါတယ်။

ဓါတ်ပုံ-ရဲဇာနည်

ဖေဖော်ဝါရီ ၂၃ ရက်နေ့ မနက် ၁၁ နာရီ ၁၀ မိနစ်မှာ ဆီဆိုင်မြို့နယ်၊နောင်ခွန်ကျေးရွာနေတဲ့ မောင်ဇော်(၂၅)နှစ်က ထင်းခုတ်ဖို့နွားလှည်းသွားငှားတဲ့ကိစ္စအဆင်မပြေတာကြောင့် နေအိမ်ကိုပြန်လာခဲ့တယ်လို့ ဆိုပါတယ်။

နေအိမ်ကိုုပြန်လာစဉ်မှာ စိတ်တိုပြီး ဖခင်ဖြစ်သူ အသက် (၆၅)နှစ်အရွယ် ဦးအေးကိုဓါးနဲ့ခုတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဖခင်ဖြစ်သူကို အရှည် (၁)ပေခွဲခန့်ရှိတဲ့ဓါးမနဲ့ ခုတ်ခဲ့တာကြောင့် ဦးအေးမှာဒဏ်ရာတွေရရှိပြီးတော့ အခင်းဖြစ်နေရာမှာ သေဆုံးသွးတာဖြစ်ပါတယ်။

သေဆုံးခဲ့တာကြောင့် အရေးယူပေးဖို့ တိုင်ကြားချက်အရ ဖခင်ကိုသတ်ခဲ့သူ မောင်ဇော်ကို ဘန်းယဉ်နယ်မြေရဲစခန်း (ပ)၇/၂၀၁၉၊ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ 

Share

Loading Next Article...
က္က