Apple ရဲ့ latest generation စမတ်နာရီသစ်ကတော့ Watch Series 4 ရဲ့ ဈေးနှုန်းနဲ့တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ရောင်းအားအကောင်းဆုံး စမတ်နာရီတစ်မျိုးဖြစ်တဲ့ Apple Watch တွေဟာ ကိုယ်လက်ကြံ့ခိုင်မှုပိုင်း ၊ ဇီဝအာရုံခံစနစ်တွေနဲ့ကျန်းမာရေးသုတေသနပိုင်းကို ဦးစားပေးထားတဲ့ စမတ်နာရီတွေပါ။ Apple Watch Series 5 မှာ ဆန်းသစ်လာတာက Always-on Display ပါရှိခြင်းပဲ ဖြစ်ပါတယ်။
Photo: 9to5mac
Apple Watch Series 5 ဟာ LTPO Retina display သစ်ကို သုံးလာတာပါ။ ဒီ display သစ်မှာ အပူချိန်နိမ့် ပိုလို ခရစ္စတယ်လိုုင်းအောက်ဆိုက် OLED display နောက်ကွယ်နည်းပညာ သုံးထားတာကြောင့် ပါဝါအစား သက်သာပါတယ်။ Watch Series 5 ရဲ့ Always on mode ဟာ လက်မှာ ပတ်ထားချိန်မှာပဲ အလုပ်လုပ်မှာ ဖြစ်ပြီး Always on ပါပေမယ့် ဘက်ထရီပါဝါမှာတော့ အရင် Watch Series 4 မှာလိုပဲ ၁၈ နာရီ သက်တမ်းခံမယ်လို့ဆိုပါတယ်။
case ဒီဇိုင်းသစ်အနေနဲ့ကြွေထည်နဲ့တိုက်တေနီယမ် ဒီဇိုင်းနဲ့လာပြီး ကျန်တာတွေကတော့ သိပ်ပြီး ပြောင်းလဲ မသွားပါဘူး။အလူမီနီယံဗားရှင်းနဲ့ စတိန်းလတ်စတီ ဗားရှင်းဟာ ရွှေရောင် ၊ ငွေရောင်နဲ့Space Black ကာလာတွေနဲ့လာပြီး ပုံမှန်အတိုင်း GPS မော်ဒယ်နဲ့LTE မော်ဒယ်နှစ်မျိုးနဲ့ထွက်လာပါတယ်။ feature သစ်အနေနဲ့built-in compass တစ်ခု ပါလာပါတယ်။
ဒီသံလိုက်အိမ်မြောင်ဟာApple Maps app သစ်နဲ့အတူ ပေါင်းပြီး ဦးတည်ရာတွေ ၊ လတ္တီကျုဒ် ၊ လောင်ကျီကျုဒ်နဲ့အနိမ့်အမြင့်တွေပါ သုံးနိုင်တော့မှာပါ။ Watch Series 5 မှာ နိုင်ငံ ၁၅၀ကျော်မှာ အရေးပေါ် ခေါ်ဆိုမှုတွေကို နာရီဘေးက ခလုတ်ကို နှိပ်ရုံနဲ့အကူအညီတောင်းနိုင်မယ့် စနစ်လည်း ပါလာပါတယ်။
ဒီနာရီသစ်ကို လာမယ့် စက်တင်ဘာ ၂၀ရက်နေ့က စလို့pre-order မှာနိုင်ပြီး ရိုးရိုးမော်ဒယ်ကို ၃၉၉ ဒေါ်လာနဲ့ဆယ်လူလာမော်ဒယ်ကို ၄၉၉ ဒေါ်လာကနေ စတင်ရောင်းချသွားမှာပါ။ Watch Series 4 ထုတ်လုပ်မှုကို Apple အနေနဲ့ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပေမယ့် Apple Watch Series 3 ကိုတော့ ၁၉၉ ဒေါ်လာ ဈေးနဲ့ဆက်လက်ရောင်းချသွားမယ်လို့ဆိုပါတယ်။