နှုတ်ခမ်းနီတွေ ဆိုးထားလိုက်တာ Ivy က ...

မေမေ့ရဲ့ နှုတ်ခမ်းနီဗူးကို ယူပြီး အလှတွေပြင်နေတဲ့ Ivy လေးကြောင့် ပရိသတ်တွေက အသည်းတယားယား ဖြစ်လို့ နေပါတယ်။ မေမေ အေသင်ချိုဆွေကလည်း သမီးလေးကို အခုလို စနောက်ခဲ့ပါသေးတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေက အလှအပ ကြိုက်တဲ့ သမီးလေးIvy ကို အခုလို စနောက်လိုက်တာ တွေ့ရပါတယ်။ Ivy လေး အလှအပ ကြိုက်ပုံတွေကတော့ တကယ်ကို ချစ်စရာ ကောင်းလွန်းလှပါတယ်။

‘’သိဘူး အရမ်းတွေလှချင်နေပါဘီနော် ဗီးက Love of my life’’ ဆိုပြီးတော့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နေ့လည် ၁၂နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အလှအရမ်းကြိုက်သော Ivy လေး တစ်ယောက် နှုတ်ခမ်းနီတွေ ဆိုးနေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ခဲ့ပါသေးတယ်။ 

Photo: A Then Cho Swe

Ivy လေးကို ချစ်တဲ့ ပရိသတ်တွေက Ivy လေးရဲ့ လုပ်ရပ်ကိုကြည့်ပြီး အသည်းတယားယားနဲ့ အချစ်ပိုနေကြတာကို တွေ့ရပါတယ်။ Ivy လေးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က အပြင်းဖျားခဲ့တာကြောင့် မိသားစုနဲ့ အတူ ပရိသတ်တွေကလည်း စိုးရိမ်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒီ့အတွက်လည်း သမီးလေးရဲ့ ဝေဒနာကို ခံစားလိုက်ချင်တယ်လို့ အေသင်ချိုဆွေက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါသေးတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေက အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။ လည်လွန်းတတ်လွန်းတဲ့ ကလေးလေး ဖြစ်တာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုလို့နေပါတယ်။ အေသင်ချိုဆွေ က အခုချိန်မှာ ချစ်ရတဲ့သမီးလေး Ivy နဲ့အတူ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာကို တွေ့ရပါတယ်။ Ivy လေးက အခုဆိုရင် အသက် နှစ်နှစ်နီးပါးရှိနေပါပြီ။

Photo: A Then Cho Swe

အေသင်ချိုဆွေကို ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ်ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေလည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလုပ်တွေသာမက သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ဖူးပါသေးတယ်။

Photo: A Then Cho Swe

အေသင်ချိုဆွေက ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွားတဲ့နောက်မှာတော့ အနုပညာအလုပ်တွေနဲ့ ခဏတာ ဝေးကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ အေသင်ချိုဆွေက ၂၀၁၈ ခုနှစ်ဇူလိုင်လ ၁၀ ရက်နေ့မှာ "အသည်းကွဲသီချင်း တွေမဆိုတော့ဘူး" ဆိုတဲ့ သီချင်းသစ်လေးကို ပရိသတ်လက်ထဲ အရောက်ပေးခဲ့ပါတယ်။ လက်ရှိမှာ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ ပိုပြီးလုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ သီချင်းအသစ်တွေ လုပ်နေတာကို တွေ့ရပါတယ်။

Share

Loading Next Article...
က္က