လူမင်းဟာ ‘’မိဘမေတ္တာ ပရဟိတဂေဟာ’’မှာ မိခင်ဖြစ်သူနဲ့ အတူ အလှူအတန်းတွေ လုပ်ခဲ့တာ တွေ့ရပါတယ်။ သူ့ကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အပျော်ကြီးပျော်လို့နေပါတယ်။
Photo: Ayarwady Lu Min
သရုပ်ဆောင်လူမင်းက မိခင်ရဲ့ မွေးနေ့အလှူအဖြစ် လှည်းကူးမြို့နယ်မှာရှိတဲ့ မေတ္တာပရဟိတဂေဟာမှာ အလှူအတန်းတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ လူမင်းကိုယ်တိုင် လာရောက် လှူဒါန်းခဲ့လိုု့လည်း ပရိသတ်တွေက အပျော်ကြီးပျော်နေခဲ့ကြတယ်လို့ ဆိုပါတယ်။
"မေတ္တာပရဟိတဂေဟာ"ကိုလူမင်းလာလို့ပျော်နေကြတယ်။သူတို့အတွက်မေတ္တာတရားတွေတကယ်လိုအပ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်၊မရမ်းချောင်းကျေးရွာ’’ ဆိုပြီးတော့ ဇူလိုင်လ ၇ ရက်နေ ညနေ ၅ နာရီကျော်က ဧရာဝတီလူမင်း ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့တာ တွေ့ရပါတယ်။
Photo: Ayarwady Lu Min
အဲဒီနောက် လူမင်းတို့ မိသားစုဟာ မိခင်ဖြစ်သူ ဒေါ်သန်းသန်းရဲ့ မွေးနေ့ မနက်ပိုင်းမှာတော့ မိုးညှင်းဝိပဿနာကျောင်းမှ တိုက်သစ် နတ်လမ်းအတွက် (၇) ကြိမ်မြောက် အဖြစ် သိန်း ၇၀ လှူခဲ့တယ်လို့ သိရပါတယ်။
‘’၆၉နှစ်ပြည့်အမေ့မွေးနေ့အလှူမိုးညုင်းဝိပဿနာတိုက်သစ်၊နတ်လမ်းအတွက်(၇ကြိမ်)မြောက်(သိန်း၇၀)လမ်းအလှူ ၇-၇ ၂၀၁၉မွေးနေ့ပေါင်းများ စွာကိုကုသိုလ်ကောင်းမှုများစွာပြုသက်ရှည်ကျန်းမာ စိတ်ချမ်းသာစွာဖြတ်သန်းပြီးတရားထူးတရားမြတ်တွေရပါစေ’’ ဆိုပြီးတော့လည်း ဇူလိုုင်လ ၇ ရက်နေ့ မနက် ၇ နာရီကျော်က ဧရာဝတီလူမင်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာပဲ ရေးသားထားတာ တွေ့ရပါတယ်။
Photo: Ayarwady Lu Min
လူမင်းကတော့ အခုချိန်မှာ အသက် ၄၉ နှစ်ရှိပြီဖြစ်ပါတယ်။ မိသားစုနဲ့ ပျော်ပျော်ပါးပါး နေထိုင်ရင်းနဲ့ သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ လုပ်ကိုင်နေသူ တစ်ယောက်ပါ။ လက်ရှိမှာလည်း သူကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးနေတာတွေ့ရပါတယ်။ သရုပ်ဆောင် အဖြစ်နဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေတာဖြစ်ပါတယ်။
Photo: Ayarwady Lu Min
ထပ်ဆင့်အကယ်ဒမီ လူမင်းဟာ၂၀၁၃ ဇွန်လက စတင်ကာ ၂၀၁၇ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌအဖြစ် လေးနှစ်ကျော် ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ ၂၀၁၈ ခုနှစ်အတွက် Star Awards ဆုပေးပွဲမှာတော့ Actor In A Supporting Role Awardဆုကို ငယ်ကျွန် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။