ပီတိမျက်ရည်တွေတောင် ဝေခဲ့ရတာပါ။

သရုပ်ဆောင် စိုးပြည့်သဇင်က မိသားစုနဲ့အတူ လှူချင်တဲ့ ရှင်ပြုနားသ အလှူလေး အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာလို့ မဆုံးဖြစ်လို့နေပါတယ်။

Photo : စိုးပြည့်သဇင် FB

သူမဟာ မိသားစုနဲ့အတူ ဒီဇင်ဘာ(၂၂) ရက်နေ့က တံတားဦးမြို့နယ်၊ စကားအင်းကျေးရွာ၊ဇီးကန်တောရကျောင်းမှာ ရှင်ပြုနားသအလှူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အလှူမတိုင်ခင်ကတည်းက အလှူအတွက် ပြင်ဆင်ရင်း ပျော်နေတဲ့ သူမဟာ ရှင်ပြုနားသအလှူကြီး အောင်မြင်စွာ ပြီးဆုံးသွားတဲ့အတွက် ဝမ်းသာလို့ မဆုံးဖြစ်လို့နေပါတယ်။ အလှူအတွက် ရေစက်ချချိန်မှာလည်း ကြည်နူးလွန်းလို့ မျက်ရည်တွေတောင် ဝေခဲ့တဲ့ အထိပါပဲ။ အလှူအတန်းတွေ လုပ်နေရရင် ပျော်နေတတ်တဲ့ သူမရဲ့ စိတ်ဓာတ်လေးက တကယ်ကို ချစ်စရာပါ။

Photo : စိုးပြည့်သဇင် FB

၂၂.၁၂.၂၀၁၈...နတ်တော်လပြည့်နေ့မှာ....ရှင်အပါး(၂၂)ပါးကို....တံတားဦးမြို့နယ်...စကားအင်းကျေးရွာ...ဇီးကန်တောရကျောင်းမှာ...ရှင်သာမဏေပြုပေးခဲ့ပါတယ်.အလှူကိုလာကြတဲ့

သူများကိုလည်းထီလတ်မှတ်တစ်ထောင်....တစ်ယောက်တစ်စောင်ကမ်းပြီး....လှူခဲ့ပါတယ်......သိန်းထီဆုကြီးတွေပေါက်ကြပါစေလို့လည်းရည်ရွယ်ခဲ့ပါတယ်.......အရမ်းလည်းပီတိဖြစ်ရပါတယ်” ဆိုပြီး ဒီဇင်ဘာ(၂၂) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

Photo : စိုးပြည့်သဇင် FB

အလှူအတန်းတွေ လုပ်ရတာ ဝါသနာပါတတ်တဲ့ စိုးပြည့်သဇင်ရဲ့ အကြောင်းတွေကိုလည်း မိခင်ဖြစ်သူ ဒေါ်မာလာခင်က Duwun Media ကနေ ပြောပြခဲ့ဖူးပါတယ်. တစ်ခါ တစ်ခါ အလှူလုပ်ပြီးတိုင်းလည်း ဝမ်းသာမဆုံးဖြစ်တတ်တဲ့ စိုးပြည့်သဇင်ရဲ့ စိတ်ဓာတ်လေးက အရမ်းကို ချစ်စရာကောင်းလှပါတယ်.

'' ဘာသာရေးကိုတော့ အမြဲတမ်း အန်တီက လုပ်စေချင်တယ်။ သူကိုယ်တိုင်ကလည်း လုပ်တယ်၊ အလှူအတန်းလေးတွေဆိုရင်လည်း လုပ်ရတာ သူဝါသနာပါတယ်။ သူ့ ပရိသတ်တွေနဲ့ရော၊ သူတစ်ယောက်တည်းလည်း လှူတယ်၊ လှူပြီးရင်လည်း ဘယ်လို ဝမ်းသာရတယ် ဆိုတာကို ပြောလို့ မဆုံးဘူး'' လို့ သူကဆိုပါတယ်။

Photo : စိုးပြည့်သဇင် FB

အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်း နဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Share

Loading Next Article...
က္က