32MP AI selfie ကင်မရာနဲ့လာပါတယ်။

ဆယ်လ်ဖီဆိုတာ ကိုယ်တိုင်ရိုက် ပုံတူဖြစ်ပြီး ဒီပုံတူကို အကောင်းဆုံးနဲ့အလှဆုံး ဖြစ်စေမယ့် စမတ်ဖုန်းတစ်လုံး ရှိပါတယ်။


Honor 20 Lite ကို Selfie Master လို့လည်း ခေါ်ကြပါတယ်။ ဒီဖုန်းမှာ တစ်ခြား ထူးခြားတဲ့ features တွေ အများကြီး ရှိတဲ့ အထဲက Selfie Camera ဟာ ပြောစမှတ်ပြုစရာဖြစ်အောင် ဆန်းသစ်ပါတယ်။ 32MP AI selfie ကင်မရာ သုံးထားတဲ့ ဒီဖုန်းဟာ ဆယ်လ်ဖီဆွဲသူရဲ့ ပုံကို ကြည်လင်ပြတ်သားအောင် အလင်းအမှောင်ကို AI နည်းပညာနဲ့ချိန်ညှိပေးပါတယ်။

Photo: Honor

AI Backlighting ပုံရိပ်နည်းပညာဟာ ဆယ်လ်ဖီဆွဲသူရဲ့ အရှေ့နဲ့ဘေးဘက်အပြင် အနောက်က အလင်းကိုပါ ဆွဲယူနိုင်ပြီး သဘာဝဆန်တဲ့ ပုံရိပ်ဖြစ်အောင် ဖော်ဆောင်ပေးမှာပါ။ ဒီ 32MP ကင်မရာဟာ ISO အဆင့်မြင့်ထားတဲ့ lens နဲ့လာတာ ဖြစ်လို့ဆယ်လ်ဖီဆွဲလိုက်တဲ့ အချိန်တိုင်းမှာ အံ့အားသင့်စရာ ကိုယ်တိုင်ရိုက်ပုံတူကောင်းတွေ ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီဆယ်လ်ဖီကင်မရာဟာ backlit ဆယ်လ်ဖီစနစ်အပြင် onboard AI စနစ်သုံးပြီး ဆယ်လ်ဖီဆွဲသူရဲ့ အသက်အရွယ် ၊ အသားအရေနဲ့ဆယ်လ်ဖီဆွဲတဲ့ အနေအထားကို လိုက်ပြီး ပုံကို Retouch ပြင်ပေးနိုင်တဲ့ နည်းပညာတွေ သုံးထားပါတယ်။

Honor 20 Lite ဟာ ကျောဘက်ကင်မရာ ၃ လုံးတွဲ စနစ်ဖြစ်တဲ့ 24MP primary sensor ၊ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 8MP wide-lens နဲ့2MP depth sensor စနစ်တွေနဲ့လာပါတယ်။ ဒီကင်မရာတွေဟာ မြင်ကွင်းပုံစံအမျိုးအစား ၅၀၀ အထိ ခွဲခြားမှတ်သားနိုင်မယ့် Multi-Scene Recognition စနစ် ၊ AI Stabilization Mode နဲ့အလင်းအား သိပ်ကောင်းတဲ့ အချိန်မျိုးမှာ ဓါတ်ပုံရိုက်ဖို့အတွက် Super Night Mode စတဲ့ ကင်မရာစနစ်တွေ သုံးထားပါတယ်။


Photo: Honor

ဖုန်းဒီဇိုင်းဟာ လူငယ်ဆန်ဆန် ဆန်းသစ်ပေါ့ပါးတဲ့ 3D ရောင်ပြေးကာလာစပ်ဒီဇိုင်း DewDrop Notch ဒီဇိုင်းနဲ့လာပါတယ်။ မျက်နှာပြင် ၆.၂၁ လက်မ ရှိတဲ့ Honor 20 Lite ဟာdisplay ရုပ်ထွက်အနေနဲ့FHD+ (2340 x1080p) ဖြစ်လို့ရုပ်ထွက်မြင့်သလို FaceID နဲ့fingerprint scanner နှစ်မျိုးစလုံးလည်း သုံးနိုင်မှာပါ။ ဖုန်းအချက်အလက်အနေနဲ့Hisilicon Kirin 710 processor ၊ RAM 4GB/128GB storage ၊ 3400 mAh ဘက်ထရီ နဲ့EMUI 9 အခြေခံ Android 9 စနစ် တို့ပါရှိပါတယ်။

Honor 20 Lite ကို ပြည်တွင်းဈေးကွက်မှာ ၃၁၉၀၀၀ ကျပ်ဈေးနဲ့ရောင်းချသွားမှာ ဖြစ်လို့ဈေးနှုန်း သင့်တင့်ပြီး အရည်အသွေးမြင့်တဲ့ ဖုန်းတစ်လုံးလို့ဆိုရမှာပါ။ ဆယ်လ်ဖီကင်မရာကောင်းဖုန်းတစ်လုံးကို သီတင်းကျွတ်လက်ဆောင်အဖြစ် ကိုယ်ချစ်ခင်ရသူတွေကို ဝယ်ပေးချင်သူတွေအတွက် Honor 20 Lite ဟာ ရွေးချယ်စရာတစ်ခုလို့လည်း ညွှန်းချင်ပါတယ်။


ယခုသတင်းဆောင်းပါးအား Honor Myanmar မှ ကူညီပံ့ပိုးပေးထားပါသည်။

Share

Loading Next Article...
က္က