ဘီလီလမင်းအေး ဟာ အရင်တုန်းက စာတွေသင်ပေးခဲ့ရတဲ့ ဆရာမဘဝလေးကို သတိရမိတဲ့အကြောင်းတွေ ပြောပြလာပါတယ်။
Photo: Alinn Young
ဘီလီလမင်းအေးကတော့ အဆိုတော်တစ်ယောက် မဖြစ်ခင်က ဆရာမ အလုပ်လုပ်ခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဂီတအလုပ်တွေကို တစိုက်မတ်မတ် လုပ်ဖြစ်နေတဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပြလာပါတယ်။
“ဖူးက အခုချိန်မှာ အဆိုတော် တစ်ယောက်ဖြစ်လာပြီဆိုတဲ့အတွက် တချို့အရာလေးတွေ ပြောင်းလဲ ရတာမျိုးရှိတယ်။ အရင်တုန်းက ဆရာမ လုပ်ခဲ့တဲ့ ဘဝလေးကို ပြန်သတိရတယ်။ တစ်ခါတလေ အနုပညာလမ်းကြောင်းမှာ အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်လာရင် အရင်တုန်းက ဆရာမ ဘဝလေးကို ပြန်သွားချင်မိတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က Tune Bar ဖွင့်ပွဲကို တက်ရောက်ရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
Photo: Billy La Min Aye
ဘီလီလမင်းအေးဟာ အခုချိန်မှာတော့ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ အနုပညာအလုပ်ကိုပဲ အာရုံစူးစိုက်တတ်သူဖြစ်တာကြောင့် အချစ်ရေးအကြောင်းအရာတွေကိုဦးစားမပေးသေးဘူးလို့ သူမက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သူမရဲ့ အချစ်ရေး သတင်းတွေကလည်း အရမ်းကို တည်ငြိမ်လွန်းလှပါတယ်။ သူမဟာ လက်ရှိမှာ မိဘနှစ်ပါးနဲ့အတူနေထိုင်တာဖြစ်ပြီး ညီမငယ်လေးကိုလည်း စောင့်ရှောက်ပေးနေတာ တွေ့ရပါတယ်။
Photo: Billy La Min Aye
၂၀၂၀ အတွင်းမှာလည်း ဘီလီလမင်းအေးရဲ့ သီချင်းအသစ်တွေ အများကြီးကို နားထောင်ရတော့မှာ ဖြစ်ပါတယ်။ နောက်ဆိုရင်တော့ သူမကို ကျောင်းဆရာမ တစ်ယောက်အဖြစ်နဲ့လည်း ပြန်လည်မြင်တွေ့ရဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။
“ သီချင်းတွေကတော့ Single Song လေးတွေ လုပ်နေပါတယ်။ ဒီနှစ်ထဲမှာတော့ သီချင်းအသစ်တွေ ထွက်နိုင်အောင် ဖူး စီစဉ်ထားတယ်။ တစ်ပုဒ်ချင်းစီ မိတ်ဆက်ပေးဖို့အတွက်လည်း ဖူး ပြင်ဆင်နေပါတယ်။ ဖူးရဲ့ စိတ်ကူးထဲမှာ တကယ့်ကို Professional ပေးထားတဲ့အရာက ပညာရေးပါ။ ဒါပေမယ့် ကိုယ်ဝါသနာပါတဲ့ အဆိုတော် အလုပ်ကိုလည်း လုပ်နေတယ်။ နောက်ပိုင်းမှာတော့ ဖူးရဲ့ Professional ရယ် Hobby ရယ်ကို တွဲလုပ်မယ်လို့ စိတ်ကူးထားပါတယ်" လို့ ဆက်လက်ပြောပြလာပါတယ်။
Photo: Billy La Min Aye
ဘီလီလမင်းအေးဟာ Myanmar Idol (Season-2) ပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ ပြိုင်ပွဲကြီး ပြီးသွားတဲ့နောက်မှာလည်း ဂီတအလုပ်တွေ ကို တစိုက်မတ်မတ် လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’အရှုံးမပေးတဲ့ ဝိညာဉ်’’ ဆိုတဲ့ သီချင်းအခွေကို ၂၀၁၈ ခုနှစ် မတ်လ အတွင်းက ထွက်ရှိခဲ့ပါတယ်။ နောက်ထပ်လည်း Single Song တွေ ထွက်ခဲ့ပါသေးတယ်။