စိုင်းစိုင်းခမ်းလှိုင်ကို ငယ်ငယ်ကတည်းက သဘောကျခဲ့တာပါ။

ဘုန်းသီရိကျော်ကတော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇာတ်လမ်းတွဲရိုက်ရတော့မှာဖြစ်လို့ အရမ်းပျော်နေပါတယ်။ ကလေးဘဝကတည်းက အားပေးခဲ့တဲ့ အဆိုတော် တစ်ယောက်ပါတဲ့။

Photo: Phone Thiri Kyaw



တက်သစ်စ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဘုန်းသီရိကျော်ကတော့ အခုဆိုရင် စီနီယာ အနုပညာရှင်ကြီးတွေနဲ့ အတူ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးရတော့မှာပါ။ ဒီဇာတ်လမ်းတွဲထဲမှာတော့ သူ အရမ်းအားပေးခဲ့ရတဲ့ အနုပညာရှင်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်လည်း ပါဝင်မှာဖြစ်လို့ အရမ်းပျော်တယ်ဆိုတာကို Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

“ ကိုစိုင်းနဲ့အတူ ရုပ်ရှင်ရိုက်ခွင့်ရမယ်လို့ တွေးလည်း မတွေးဖူးဘူး။ ညီမရဲ့ ပထမဆုံး အနုပညာခြေလှမ်းကလည်း ကိုစိုင်းနဲ့ပဲ စခဲ့တာ။ ပထမဆုံး ဇာတ်လမ်းတွဲကလည်း ကိုစိုင်းနဲ့ပဲ စရိုက်ရမယ် ဆိုတော့ ကိုယ့်ရဲ့ ဆရာသမားတစ်ယောက်လို ခံစားမိပြီး ပျော်တာပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ ရက်နေ့က ဝင်္ကဘာ လမ်းမများ ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Amazing Grace

သူမဟာ စိုင်းစိုင်းခမ်းလှိုင်ကို အရမ်းအားပေးခဲ့တဲ့ ပရိသတ် တစ်ဦးဆိုရင်လည်း မမှားပါဘူး။ စိုင်းစိုင်းခမ်းလှိုင် ရဲ့ စိတ်နေစိတ်ထားကလည်း အရမ်းကောင်းတယ်လို့ ဘုန်းသီရိကျော်က ဖွင့်ဟပြောပြလာပါတယ်။

“ ညီမအနေနဲ့ကတော့ ကိုစိုင်းက အိုင်ဒီယာကောင်းတယ်လို့လည်းထင်တယ်။ လူတစ်ယောက်ခြင်းစီအပေါ် ဆက်ဆံတာကလည်း အတူတူပဲ။ သူ ဘယ်လောက်ပဲ အောင်မြင်နေပါစေ အရမ်းကို သဘောထားပြည့်ဝတယ်။ အဲဒီအတွက်ကြောင့်လည်း အောင်မြင်တယ်လို့ ထင်ပါတယ်” ဆိုပြီးတော့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Phone Thiri Kyaw

ဘုန်းသီရိကျော်ဟာ သူမကိုယ်တိုင်က စိုင်းစိုင်းခမ်းလှိုင်ကို ကလေးဘဝကတည်းက ရူးရူးမူးမူးအားပေးလာခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာတော့ သူမရဲ့ အသက်က ၁၀ ကျော်သက်အရွယ်လေးပဲ ရှိသေးတာပါ။

“ကိုစိုင်းကို ဘယ်လောက်အထိ Crazy ဖြစ်သလဲဆိုရင် ငယ်ငယ်တုန်းက ထမင်းမစားချင်လို့ လျှောက်ပြေးနေတာ အဲဒီအချိန်မှာ ဇော်ပိုင်နဲ့ချောစုခင် သတင်းတွေ၊ ကိုစိုင်းရဲ့ သီချင်းလေ အကျီၤအဝါရောင်နဲ့ ဝမ်းနည်းမှတ်တမ်း အခွေလား မသိဘူး။ အဲဒီအခွေတွေကို တစ်လှည့်စီဖွင့်ပေးရတယ် ငြိမ်ဖို့ကို။ ကိုစိုင်းသီချင်းဖွင့်ထားလို့ရှိရင် ငြိမ်ပြီးတော့ ထမင်းခွံလို့ ခွံနေမှန်းမသိ စားနေမိတာပဲ။ အဲဒီလောက်အထိ ကိုရူးသွပ်ခဲ့တာပါ" လို့ ဆိုပါတယ်။

Photo: K Photography

ဘုန်းသီရိကျော်ကိုတော့ ဒါရိုက်တာ Snow Miley ရိုက်ကူးပြီး ဇော်ပိုင်သီဆိုထားတဲ့ "ပြည့်စုံလွန်း" သီချင်း MTV လေးကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးလာရသူပါ။ အခုဆိုရင်တော့ သရုပ်ဆောင်ဘက်ကို ခြေလှမ်း စတင်နေပါပြီ။ ဘုန်းသီရိကျော်ကတော့ အနုပညာအလုပ်တွေမှာလည်း ကြိုးစားနေသူဖြစ်သလို ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ တက်သစ်စ အနုပညာရှင်လေးတစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က