ပုဂံကို နာရီပိုင်း ခြေချခွင့်ရခဲ့ပါတယ်တဲ့။

ချစ်သုဝေက အရမ်းသွားချင်ခဲ့တဲ့ ပုဂံကို နာရီပိုင်းအတွင်း ခြေချနိုင်ခဲ့လို့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ သူမရဲ့ ဒီခရီးစဉ်မှာတော့ သရုပ်ဆောင် နေတိုးတို့ သားအမိနဲ့ အတူ နောက်ထပ် မိတ်ဆွေတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

Photo: Chit Thu Wai



ချစ်သုဝေက သူမချစ်ရတဲ့သူတွေနဲ့ ပုဂံကို တစ်ခဏ အရောက်သွားနိုင်ခဲ့တာကြောင့် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။ ဒီခရီးလေးကတော့ သူမ အရမ်းကို သွားချင်နေခဲ့တဲ့ နေရာလေးပါတဲ့။

‘’Treza ကို ချစ်သောသူတွေနဲ့ဆို Trezaသည် ကလေး။ သိပ်ကိုရောက်ချင်ခဲ့သော ပုဂံမြေကို နာရီပိုင်းတော့ ခြေချခွင့်ရခဲ့တယ်လေ’’ ဆိုပြီးတော့ မေလ ၂ ရက်နေ့ နေ့လယ် ၁၁ နာရီ ၂၄ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ ပုဂံမှာ ရိုက်ထားတဲ့ အမှတ်တရ ဓာတ်ပုံလေးတွေလည်း တင်ခဲ့ပါသေးတယ်။ ဒီခရီးစဉ်လေးမှာတော့ ချစ်သုဝေနဲ့ အတူ သရုပ်ဆောင် နေတိုးနဲ့ မိခင်၊ နောက်ထပ် မိတ်ဆွေတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

Photo: Chit Thu Wai

ချစ်သုဝေက လက်ရှိမှာ အနုပညာအလုပ်တွေလည်း လုပ်ကိုင်နေတာဖြစ်သလို မိသားစုအပေါ်မှာလည်း တာဝန်ကျေတဲ့ ဇနီးတစ်ယောက်၊ သမီး နှစ်ယောက်အပေါ်မှာ အရမ်းကောင်းတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီနောက် ခေတ်သစ် ဖောင်ဒေးရှင်းကိုလည်း ခင်ပွန်းဖြစ်သူ အဆိုတော် လင်းလင်းနဲ့ အတူ ဦးဆောင်နေတာ တွေ့ရပါတယ်။ ဖောင်ဒေးရှင်းကနေ အောင်အောင်မြင်မြင် ဆေးကုသပေးနိုင်ခဲ့တဲ့ မွေးရာပါ နှလုံးရောဂါရှင် ကလေးတွေအတွက်လည်း သူမက ပီတိတွေဖြစ်လို့နေပါတယ်။

Photo: Chit Thu Wai

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က