Mac Pro ကို တစ်နေရာကနေ တစ်နေရာ ရွေ့လို့ရအောင် အောက်ခြေမှာ တပ်ဆင်ထားတဲ့ ဘီးတစ်လုံးတောင် ဒေါ်လာ မြန်မာငွေ ၁ သိန်းခွဲကျော် ရှိပါတယ်။
Apple ထုတ် Mac Pro ဟာ အနည်းဆုံး ဒေါ်လာ ၆ ထောင်ဈေးနဲ့ ထွက်လာတဲ့ အဆင့်မြင့်ကွန်ပျူတာ ဖြစ်ပြီး ဒီထဲမှာ ဆော့ဖ်ဝဲလ်နဲ့ display မပါသေးပါဘူး။တတိယ မျိုးဆက် Mac Pro ဟာ ဒေါ်လာ ၅ ထောင်တန် 6K Pro Display XDR monitor နဲ့ အတူ မိတ်ဆက်ခဲ့တဲ့ Desktop Workstation တစ်ခုဖြစ်ပြီး စိတ်ကြိုက်ပြန်ဆင်နိုင်မယ့် customizable ဗားရှင်းအဖြစ် ထွက်ထားတာပါ။
Photo: The Verge
base model ဖြစ်တဲ့ ဒေါ်လာ ၆ ထောင်တန် Mac Proဟာ 8 core CPU နဲ့ လာတာ ဖြစ်ပြီး ကျန်တဲ့ မော်ဒယ်တွေကတော့ 12 core ၊ 16 core ၊ 24 core နဲ့ 28 core ဆိုပြီး CPU လေးမျိုး လေးစားနဲ့ ထွက်လာပါတယ်။ အနိမ့်ဆုံးမော်ဒယ်မှာ SSD storage အနေနဲ့ 256GB သုံးထားပြီး အမြင့်ဆုံးကတော့ 4TB SSD storage နဲ့ လာပါတယ်။
ဒါကြောင့်ပဲ တကယ်လို့ နောက်ထပ် စိတ်ကြိုက် အဆင့်မြှင့်တင်မှုတွေ လုပ်မယ်ဆိုရင် ဒေါ်လာ ၅ သောင်းကျော် ကျသင့်သွားမှာပါ။ ဆလင်ဒါပုံစံ ဒီဇိုင်းကနေ Tower ပုံစံပြောင်းထားပြီး 2.5GHz 28 core Intel Xeon W processor ဆင်မယ်ဆိုရင် မူရင်းဈေးကနေ ဒေါ်လာ ၇ ထောင်ကျော််ကျသင့်မှာ ဖြစ်ပါတယ်။ 1.5TB (128GB ၁၂ ချောင်း) အထိ ရှိတဲ့ DDR4 ECC memory အတွက် ဒေါ်လာ ၂ သောင်းခွဲနဲ့ အောက်ခြေက အပို ဘီး ၄ လုံးအတွက် ဒေါ်လာ ၄၀၀ ထပ်ကုန်မှာပါ။
ဂရပ်ဖစ်ထဲက RAM 32GB စီ ရှိတဲ့ Radeon Pro Vega II Duo cards စိုက်မယ်ဆိုရင် နောက်ထပ် ဒေါ်လာ ၁၀၈၀၀ ကုန်ကျမှာပါ။ ProRes RAW သုံးပြီး encode လုပ်ထားတဲ့ 8K ရုပ်ထွက်မြင့် ဗွီဒီယို ၃ ခုကို တပြိုင်နက်တည်း play back လုပ်နိုင်မယ့် Afterbanner ဆိုတဲ့ PCIe accelerator card အတွက် ဒေါ်လာ ၂ ထောင်ကျသင့်မှာပါ။
Photo: The Verge
Mac Pro နဲ့အတူ တွဲသုံးမယ့် ဒေါ်လာ၅ ထောင်တန် Pro Display XDR monitor နဲ့ ဒီ monitor အတွက် ထုတ်ထားတဲ့ stand ကချည်း ဒေါ်လာ ၁ ထောင် ကုန်ကျမှာ ဖြစ်ပါတယ်။ စုစုပေါင်း အမြင့်ဆုံး upgrade လုပ်မယ်ဆိုရင် ကုန်ကျစရိတ်ဟာ ၅၂၅၉၉ ဒေါ်လာ (မြန်မာငွေ ၇၉၂ သိန်းကျော် ) ရှိပါတယ်။
မကြာသေးမီက မိတ်ဆက်သွားတဲ့ Tesla ရဲ့ Cybertruck မော်တာတစ်လုံးတပ်ယာဉ်ဆို ဒေါ်လာ ၃၉၉၀၀ ပဲ ကျသင့်တာပါ။ ရုပ်ရှင်ထုတ်လုပ်ရေးတွေ ၊ ဖလင်အယ်ဒီတာတွေ ၊ တကယ့်ပရို ဂိမ်မာတွေလိုမျိုး ပရော်ဖက်ရှင်နယ် ultra-premium ဈေးကွက်အတွက် သီးသန့်ထုတ်ကုန်အဖြစ် Apple က ကြေညာခဲ့တာ ဖြစ်ပြီး လူအများစုအတွက်တော့ အိပ်မက်တစ်ခုအဖြစ် ရှိနေမှာ ဖြစ်ပါတယ်။