နယူးယော့ခ်ဟာ အမေရိကန်မှာ COVID-19 ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ နေရာဖြစ်နေပါတယ်။

အမေရိကန်မှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ ဗဟိုချက်မနေရာဖြစ်နေတဲ့ နယူးယော့ခ်ပြည်နယ်မှာ ဧပြီ ၉ ရက်နေ့က ထုတ်ပြန်တဲ့စာရင်းအရ ၂၄ နာရီအတွင်း သေဆုံးသူ ၇၉၉ ဦးအထိရှိခဲ့ပြီး နေ့စဥ် သေဆုံးမှုအများဆုံးအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

သေဆုံးမှုတွေ စံချိန်တင်မြင့်တက်ခဲ့ပေမဲ့ COVID-19 ကြောင့် ဆေးရုံတက်ရမှုနှုန်း လျော့ကျခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က ဆိုပါတယ်။ နယူးယော့ခ်မှာ ဧပြီ ၈ ရက်နေ့ကလည်း သေဆုံးသူ ၇၇၉ ဦးအထိ ထပ်မံတိုးလာခဲ့ပြီး တစ်ရက်အတွင်း သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါသေးတယ်။



"ဆေးရုံတက်ရသူ အရေအတွက်က ၂၀၀ ထပ်တိုးလာခဲ့ပါတယ်၊ ဒါက COVID-19 စဖြစ်ချိန်ကစပြီး အနည်းဆုံးဖြစ်ပါတယ်" လို့ Andrew Cuomo က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ထို့အတူ အထူးကြပ်မတ်ကုသဆောင်သို့ ရွှေ့ပြောင်းကုသရသူလည်း အနည်းဆုံးဖြစ်ခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: Reuters)

အမေရိကန်မှာ ယနေ့ (ဧပြီ ၁၀ ရက်) မနက်အစောပိုင်းအထိ COVID-19 ကူးစက်ခံရသူ ၄၆၅,၀၈၈ ဦးနဲ့ သေဆုံးသူ ၁၆,၅၁၀ ဦးအထိ ဆက်လက် မြင့်တက်နေခဲ့ပြီး ပြန်လည်သက်သာသူ ၂၅,၁၃၉ ဦးရှိခဲ့ပါတယ်။ နယူးယော့ခ်ဟာ အမေရိကန်မှာ COVID-19 ကပ်ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ နေရာဖြစ်နေပြီး တစ်နိုင်ငံလုံးမှာ သေဆုံးမှုတွေရဲ့ထက်ဝက်ဟာ နယူးယော့ခ်မှ ဖြစ်ပါတယ်။

Source: AFP

Share

Loading Next Article...
က္က