ဥရောပမှ အမေရိကန်သို့ ခရီးသွားလာမှုများ အားလုံးကို ရက် ၃၀ ကြာ ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်။

COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဟန့်တားရန် လုပ်ဆောင်မှုအဖြစ် ဥရောပမှ အမေရိကန်သို့ ခရီးသွားလာမှုများ အားလုံးကို ရက် ၃၀ ကြာ ရပ်ဆိုင်းထားမယ်လို့ သမ္မတဒေါ်နယ်ထရန့်က မတ်လ ၁၁ ရက် ညပိုင်းမှာ ရုပ်မြင်သံကြားမိန့်ခွန်းအတွင်း ပြောကြားပါတယ်။

(Photo: AFP)

ယခု ထုတ်ပြန်လိုက်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်မှာ ဗြိတိန်နိုင်ငံ အကျုံးမဝင်ကြောင်းလည်း အမေရိကန်သမ္မတထရန့်က ပြောပါတယ်။ "ဗိုင်းရပ်စ်ကူးစက်မှုအသစ်တွေ ကျွန်တော်တို့ရဲ့ နိုင်ငံရပ်ခြားကနေ ဝင်ရောက်မလာစေဖို့ ဥရောပမှ အမေရိကန်သို့ ခရီးသွားလာမှု အားလုံးကို ကျွန်တော်တို့ နောက် ရက် ၃၀ ကြာ ရပ်ဆိုင်းထားပါမယ်" လို့ ထရန့်က ကြေညာပါတယ်။



အမေရိကန်က ထုတ်ပြန်ကြေညာလိုက်တဲ့ ခရီးသွားလာမှု ကန့်သတ်ချက်ဟာ သောကြာနေ့ (မတ်လ ၁၃ ရက်) ညသန်းခေါင်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။ ယနေ့ (မတ်လ ၁၂ ရက်) မနက်အစောပိုင်းအထိ စာရင်းတွေအရ အမေရိကန်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၃၀၂ ဦးရှိလာပြီး ၃၈ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။



(Photo: Alberto Valdes/EPA-EFE)

သက်ဆိုင်ရာ အစိုးရတွေက COVID-19 ကူးစက်ပျံ့နှံ့မှု စတင်ခဲ့တဲ့ တရုတ်နိုင်ငံမှ ခရီးသွားဝင်ရောက်မှုတွေကို ရပ်ဆိုင်းခြင်းမရှိခဲ့တာကြောင့် ဥရောပမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေ များပြားလာခဲ့တယ်လို့ သမ္မတထရန့်က ဆိုပါတယ်။ မတ်လ ၁၂ ရက် မနက်အစောပိုင်းအထိ တရားဝင် စာရင်းတွေအရ ကမ္ဘာတစ်ဝှမ်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၅,၉၅၅ ဦးနဲ့ သေဆုံးသူ ၄,၆၂၃ ဦးသို့ မြင့်တက်လာခဲ့ပါတယ်။

COVID-19 ကို ကမ္ဘာ့နေရာအနှံ့မှာ ဖြစ်ပွားတဲ့ ကူးစက်မြန်ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က မတ်လ ၁၁ ရက်နေ့မှာ သတ်မှတ်လိုက်ကြောင်းလည်း သိရပါတယ်။ လာမ

့် ရက်များနဲ့ သီတင်းပတ်များအတွင်း COVID-19 ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေ ပိုများလာမယ်လို့ ခန့်မှန်းထားကြောင်းလည်း

WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ပြောထားပါတယ်။

Source: CNA, BBC

Share

Loading Next Article...
က္က