ထရန့်နဲ့ဘေးချင်းကပ်လျက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာတင်ခဲ့သူ ဖြစ်ပါတယ်။

မတ်လ ၇ ရက်နေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ဖလော်ရီဒါ အပန်းဖြေစခန်းမှာ အစည်းအဝေးတစ်ခု တက်ရောက်ခဲ့ပြီး ထရန့်နဲ့ဘေးချင်းကပ်လျက် ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို အင်စတာဂရမ်မှာတင်ခဲ့တဲ့ ဘရာဇီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦး COVID-19 ရောဂါဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

(ထရန့်နဲ့ ဖေဘီယိုကို ကပ်လျက်တွေ့ရသည့် ဓာတ်ပုံ) (Photo: Fabio Wajngarten/Instagram) 

ဖလော်ရီဒါမှာ ထရန့်နဲ့ အနီးကပ်ရှိခဲ့သူဟာ ဘရာဇီးသမ္မတ ဂျိုင်ယာ ဘိုလ်ဆွန်နာရိုရဲ့ ဆက်သွယ်ရေးအရာရှိ ဖေဘီယိုဝါ့ချ်ဂါတင်ဖြစ်ပြီး ၎င်းဟာ ဒုတိယအကြိမ် COVID-19 ဗိုင်းရပ်စ် စစ်ဆေးအတည်ပြုမှု ခံယူထားပြီး ရလဒ်ကိုစောင့်ဆိုင်းနေကြောင်း Estado de S Paulo သတင်းစာက မတ်လ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။



ယခု သတင်းထွက်ပေါ်လာမှုနဲ့ ပတ်သက်ပြီး ဘရာဇီးသမ္မတရုံးကို မေးမြန်းခဲ့ရာမှာတော့ ဖြေကြားခဲ့ခြင်း မရှိဘူးလို့ Reuters သတင်းက ပြောပါတယ်။ အမေရိကန်သမ္မတထရန့်ကတော့ ဗိုင်းရပ်စ်နဲ့ ထိတွေ့ခဲ့မိမှုအပေါ် မစိုးရိမ်ဘူးလို့ ပြေထားခဲ့ပါတယ်။

(ဘရာဇီးသမ္မတရဲ့ ဆက်သွယ်ရေးအရာရှိ ဖေဘီယို) (Photo: Adriano Machado)

"အဲဒီလိုဖြစ်တယ်ပဲ ထားပါတော့ဗျာ၊ ကျွန်တော် မစိုးရိမ်ပါဘူး" လို့ ထရန့်က သမ္မတအိမ်ဖြူတော် ဘဲဥပုံခန်းမမှာ အိုင်ယာလန်ဝန်ကြီးချုပ် လီယိုဗာရက်ဒ်ခါနဲ့ တွေ့ဆုံစဥ်အတွင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ St Patrick's Day တွေ့ဆုံမှုအတွက် အိမ်ဖြူတော်ကို ရောက်ရှိလာတဲ့ အိုင်ယာလန်ဝန်ကြီးချုပ်နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိဘူးလို့လည်း ထရန့်ကဆိုပါတယ်။

"ဒါ အရမ်းထူးဆန်းတဲ့ ခံစားချက်ပဲဗျ" လို့ ထရန့်က လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ရမှုအပေါ် မှတ်ချက်ပြုခဲ့ပါတယ်။ မတ်လ ၁၂ ရက် ညပိုင်းအထိ စာရင်းတွေအရ အမေရိကန်နိုင်ငံမှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၃၂၃ ဦးရှိပြီး ၃၈ ဦး သေဆုံးခဲ့ပါတယ်။ ဘရာဇီးနိုင်ငံမှာတော့ မတ်လ ၁၂ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံသူ ၅၂ ဦး စစ်ဆေးအတည်ပြုထားပြီး သေဆုံးသူမရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က