သူကိုယ်တိုင်ကရော…

အသက်(၅၃)နှစ်အရွယ် အကယ်ဒမီများရှင် ရန်အောင်ကတော့ အခုချိန်ထိ လူပျိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားနိုင်သူ တစ်ဦးပါ။ မိခင်ကလည်း အိမ်ထောင်မပြုစေချင်သေးဘူးလို့ ဆိုပါတယ်။

Photo : yan aung

အကယ်ဒမီများရှင် ရန်အောင်ကတော့ ဒီဇင်ဘာ(၁၄) ရက်နေ့က အသက်(၅၃)နှစ် ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။ အခုချိန်ထိ နုပျိုနေဆဲ ဖြစ်တဲ့ ရန်အောင်ကတော့ လူပျိုကြီးတစ်ယောက်ဆိုလည်းမမှားပါဘူး။ သူကိုယ်တိုင်ကလည်း အပူတွေ မရှာချင်သလို မိခင်ဖြစ်သူကလည်း အိမ်ထောင်မပြုစေချင်သေးဘူးလို့ သိရပါတယ်။

“အမေက တစ်ယောက်တည်းနေတာ မြင်ချင်တယ်တဲ့။ မိဘဆိုတာ သားသမီးကိုချစ်တာပေ့ါ။ သားသမီးတွေ အိမ်ထောင်ကျတာကိုမမြင်ချင်ဘူး။အထူးသဖြင့် ကျွန်တော်လို လူမျိုးကို အမေ့လက်ပေါ်မှာပဲ အရိပ်တစ်ကြည့်ကြည့်နဲ့နေလာတဲ့သူဆိုတော့ အမေက အိမ်ထောင်မပြုစေချင်ဘူးပေ့ါ။ အမေကလည်းသိပ်အလိုလိုက်တာကို “ လို့ ရန်အောင်က Duwun ကိုပြောပါတယ်။

Photo : yan aung

ဒါပေမယ့်လည်း သူသာ အိမ်ထောင်ပြုချင်တယ်ဆိုရင် မိခင်က တားမှာတော့မဟုတ်ပါဘူးတဲ့။

“ဒါပေမယ့်လည်းပြောမယ့်သာပြောတာပါ။အမေသားအိမ်ထောင်ပြုမယ်လို့ပြောရင်လည်း ဘာမှပြောမှမဟုတ်ပါဘူး” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ ဒါပေမယ့်လည်း သူကိုယ်တိုင်ကတော့ အပူအပင်မရှာချင်သလို စိတ်ပင်ပန်းတဲ့ဒဏ်ကိုလည်း မခံနိုင်ဘူးလို့ ယခင်က အင်တာဗျူးတွေမှာ ဖြေဆို ဖူးပါတယ်။

ရန်အောင်ကတော့ အသက် ၅၃နှစ်ပြည့် မွေးနေ့မှာ မိခင်ဖြစ်သူနဲ့အတူ အလှူအတန်းတွေ လုပ်ခွင့်ရတာကြောင့်လည်း ဝမ်းသာနေတယ်လို့ ဆိုပါတယ်။

Photo : yan aung

သူ့ကိုယ်သူ ကံကောင်းတဲ့ လူသားလို့လည်းခံယူထားတယ်လို့ ဒီဇင်ဘာလ ၁၄ ရက်နေ့မနက်ပိုင်းက မွေးနေ့အလှူမှာ ဖြေဆိုခဲ့ပါတယ်။

“မနှစ်ကတော့ အမေ့ကို ပိုက်ဆံ သိန်း ၁၀၀ နဲ့ ကန်တော့ဖြစ်တယ်။ ဒီနှစ်တော့ အမေက ရတယ် ဘာမှ မလုပ်ပေးနဲ့ပေါ့။ ငါ့သား လှူစရာရှိတာသာလှူ လို့ပြောတယ်။ ပြီးတော့ အမေ့ကို ဒီနေ့ ဒီအချိန်အထိ ကျေးဇူးတင်တာက အမေ မွေးလာပေးတဲ့သားက ဒီနေ့ ဒီအချိန်ထိ ရှိနေနိုင်သေးလိ့ု ကျေးဇူးတင်တယ်။ ကျွန်တော် ကံအရမ်းကောင်းတယ်လို့လည်း ပြောလို့ရတယ်။ အမေက ကျွန်တော်လှူတဲ့နောက်ကိုလည်း လိုက်နိုင်တယ်၊ သာဓုခေါ်နိုင်တယ်၊ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်ပေါ့နော်” လို့ သူကပြောပါတယ်။

Photo : yan aung

ရန်အောင်ကို ကိုရန်လေးဆိုပြီးတော့ အနုပညာလောကသားတွေရော ပရိသတ်တွေပါ ချစ်စနိုးခေါ်ခြင်းကို ခံရတဲ့ ရန်အောင်ဟာ အကယ်ဒမီ ဆု (၆)ဆုကို ရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်က မယ်သီတာလိုမိန်းကလေး ၊၁၉၉၅ ခုနှစ်က ပုဂံမှာ သာတဲ့လ ၊၁၉၉၆ ခုနှစ်က အလင်းဖျော့ကောင်းကင် ၊၁၉၉၈ ခုနှစ်က ညမင်းသား ၊ ၂ဝဝဝ ခုနှစ်က မောဟမျဉ်းပြိုင်များ နှင့် ၂ဝဝ၆ ခုနှစ်က ဂုဏ်ရှိန်ပြင်းတဲ့ချစ်ခြင်းသိက္ခာ ဇာတ်ကားများနဲ့ ဇာတ်ဆောင်အကယ်ဒမီများ ရရှိထားသူ ဖြစ်ပါတယ်။


Share

Loading Next Article...
က္က