သူငယ်ချင်းတွေလည်း ပါဝင်ကူညီပေးတယ်လို့သိရပါတယ်။

 အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အဆိုတော် ပိုပိုက ဒီနေ့မှာလည်း သူမတတ်နိုင်သလောက် အလှူအတန်းတွေ ပြုလုပ်နေတာ တွေ့ရပါတယ်။

 

အဆိုတော် ပိုပိုဟာ သန်လျင်မြို့မှာ ရှိတဲ့ ရုပ်ရှင်လောကထဲက သက်ကြီး အမေများကို ပြုစုစောင့်ရှောက်ထားတဲ့ အမေများအမ်ရာသို့ သွားရောက်ကာ အမေများအဖွဲ့အတွက် လိုအပ်တာတွေ ဒီနေ့(ဧပြီ ၄ရက်) မှာ သွားရောက်လှူဒါန်းခဲ့တာပါ။

“အရင်ကဆိုပိုပို ပရဟိတတွေအရမ်းလုပ်တယ်။ အခုမလုပ်ဖြစ်တာကြာပြီ မလုပ်လည်းမနေနိုင်ဘူး။ ဆိုတော့ ငါပြန်လှူမယ်ဆိုပြီး သယ်ရင်းချင်းတွေနဲ့ တိုင်ပင်ပြီး လှူဖြစ်တာပေ့ါ။ ပိုပိုက နည်းနည်းပဲ စိုက်တယ်သူငယ်ချင်းတွေက အများကြီး စိုက်ပြီး လှူကြတာပေ့ါ။ တခြား ဆရာဝန်တွေကိုလည်း လှူဖို့ရှိပါသေတယ်” လို့ ပိုပိုက Duwun ကိုပြောပါတယ်။

ပိုပိုဟာ အမေများအဖွဲ့သာမက သျန်လျင်မီးသတ်ဝန်းက ဝန်ထမ်းမိသားစုအိမ်ရာနဲ့ စည်ပင်မိသားစုတွေကိုလည်း ဆန်တွေ ထပ်လှူခဲ့ပါသေးတယ်။တစ်အိမ်ထောင်ကို ဆန်လေးလုံးစီ လှူဒါန်းခဲ့တာပါ။သူကိုယ်တိုင်က အလုပ်အကိုင်အဆင်မပြေပေမယ့်လည်း ခက်ခက်ခဲခဲနဲ့ ပိုက်ဆံရှာနေရတဲ့ သူတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

“ပိုပိုက အလုပ်အကိုင်အဆင်ပြေလားဆိုတော့လည်း မပြေဘူးပေ့ါနော် ဒါပေမယ့်အိမ်မှာ စားဖို့သောက်ဖို့က အဆင်ပြေသေးတယ် ။ ခက်ခက်ခဲခဲနဲ့ ပိုက်ဆံရှာနေနရတဲ့ သူတွေကို ကြည့်ပြီး စိတ်မကောင်းဘူး ။ငါအရေး ကြီးတဲ့အချိန်ကျတော့ မလှူနိူင်ဘူးပေ့ါနော် တွေးပြီးတော့ မျက်ရည်တောင် ဝဲတယ်” ဆိုပြီး သူမရဲ့ ခံစားချက်လေးကို ပြောပြခဲ့ပါသေးတယ်။

အခုချိန်မှာ အနုပညာရှင်တွေအနေနဲ့ Covid -19 ကြောင့် အနုပညာအလုပ်တွေ နားထားကြပေမယ့် သူတို့တွေ တတ်နိုင်တဲ့ဘက်က ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအဖို့ အလှူအတန်းတွေ ပြုလုပ်ပေးနေကြပါတယ်။

ပိုပိုဟာ ကိုယ်ပိုင်သီချင်းတွေဆိုရင်း နာမည်ကျော်ခဲ့တဲ့ အမျိုးသမီးအဆိုတော် တစ်ယောက်ပါပဲ။ သူမရဲ့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားပါတယ်။သူမက ဂီတပိုင်းမှာသာမက ဇာတ်ကားရိုက်ကူးမှုတွေလည်း လုပ်လာသူပါ။ လက်ရှိမှာ ပရိုဂျူဆာ တစ်ယောက်အဖြစ် ရပ်တည်ဖို့ ကြိုးစားနေသလို အခြေအနေကောင်းလာရင်လည်း Entertainment အကြီးကြီးတစ်ခု ထောင်ဖို့ ရှိတယ်လို့ သူမက ပြောဖူးပါတယ်။ ဂီတလောကမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှု ရရှိနေတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်းဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က