အသက် ၁၈ နှစ်ပြည့်ပြီးနောက်ပိုင်း ပိုနားလည်လာတယ်။

ခင်ဇာခြည်ကျော်ကတော့ သားဖြစ်သူက အသက် ၁၈ နှစ်ပြည့်မှ ရည်းစားမရှိတော့တဲ့အကြောင်းပြောလာပါတယ်။ ဘုန်းမင်းနေလကလည်း မိဘ စိတ်ဆင်းရဲအောင် မလုပ်တော့ဘူးလို့ ဆိုပါတယ်။ 

Photo: RBV



ခင်ဇာခြည်ကျော်ကတော့ သားဖြစ်သူ ဘုန်းမင်းနေလရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ဘုန်းမင်းနေလဟာ ၂၀၁၉ ဒီဇင်ဘာလ အတွင်းက အသက် ၁၈ နှစ် ပြည့်ပြီးခဲ့ပြီလို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“သူက ၁၈ နှစ်ပြည့်မှ ရည်းစားတွေနဲ့ အကုန်ပျက်တာလေ။ ပြောင်းပြန်ပေါ့။ သူ Single ပဲ နေတော့မယ်တဲ့။ ပြောတာပါပဲ။ အရင်တုန်းကတည်းက အစ်မက အုပ်ထိန်းတာ ယောကျ်ားလိုလည်းဟုတ်တယ်၊ မိန်းမလိုလည်းဟုတ်တယ်၊ ပြီးတော့ မေမေ တစ်ယောက်တည်း အုပ်ချုပ်ရတဲ့ သားသမီးဟာ ဆိုးရွားတဲ့ ကိစ္စမျိုးတွေ အဖြစ်မခံနိုင်ဘူး။ သူတို့ကလည်း မိခင်ကို အားကိုးပြီး နေလာကြတာဖြစ်တဲ့အတွက် နားလည်တယ်လေ” လို့ သူကဆိုပါတယ်။ 

Photo: Phone Min Nay La

ဘုန်းမင်းနေလ ကလည်း မိခင်စိတ်ချမ်းသာဖို့အတွက် ရည်းစားတွေမထားတော့ပဲ ပညာရေးကို ပိုကြိုးစားမယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့နောက် အမေ့စကားကို ပိုနားထောင်သွားမယ်လို့ ဇန်နဝါရီလ ၂၀ ရက်နေ့က “မြက်နု” ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

“ အမေရယ် ကျွန်တော်ရယ် ထားတဲ့ Relationship က ပွင့်လင်းတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း တစ်ခုခုဆိုရင် အမေ့ကို အကုန်လုံးပြောပြပါတယ်။ အမေကိုယ်တိုင်ကလည်း နားလည်တယ်၊ စဉ်းစားပေးတယ်၊ အမေ့စကားဆိုရင်လည်း အခုနောက်ပိုင်း ပိုနားထောင်တယ်။ ၁၈ နှစ် ပြည့်ပြီး တဲ့ နောက်ပိုင်းမှာ တော်တော်လည်း သိသွားပါပြီ” ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။ 

Photo: RBV

ဘုန်းမင်းနေလ ကတော့ အခုလက်ရှိ စင်ကာပူနိုင်ငံမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားဖြစ်တာကြောင့် ၂၀၁၈ ခုနှစ်အတွက် ရွှေကြိုပြိုင်ပွဲ ဝင်မပြိုင်ခင်ကတည်းက ပရိသတ်တွေ သိရှိပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးပွဲပြီးတဲ့ နောက်မှာတော့ သူဟာ TV ကြော်ငြာရိုက်ကူးရေးတွေ၊ ဇာတ်ကားရိုက်ကူးမှုတွေ ကို တစိုက်မတ်မတ် ဆောင်ရွက်လာရသူဆိုရင်လည်း မမှားပါဘူး။ အခုလက်ရှိမှာတော့ မိခင်ဖြစ်သူရဲ့ ဆန္ဒအရ အနုပညာအလုပ်တွေထက် ပညာရေးကို ဦးစားပေးနေတာ တွေ့ရပါတယ်။

Photo: Phone Min Nay La

သရုပ်ဆောင်ခင်ဇာခြည်ကျော်(Khin Zar Chi Kyaw)မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ တီဗီကြော်ငြာလေးတွေ နဲ့ မဂ္ဂဇင်း ကာဗာတွေရိုက်ကူးနေရတာ ဖြစ်သလို အဓိကအားဖြင့်ကျောင်းပညာရေးကို ပိုဦးစားပေးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က