တစ်နှစ်လုပ်ခ ပေါင် (၇.၅)သန်းအထိ ရရှိမှာပါ။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခေ ပါင် (၇.၅)သန်းအထိ ပေးချေသွားမဖယိ့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြရာထူးကို အိုလီဂန်နာဆိုးလ်ရှားက ရယူဖို့အတွက် သေချာသလောက် ရှိသွားခဲ့ပြီလို့ အင်္ဂလန်သတင်းစာ Mirror က ဖော်ပြခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြရာထူးအတွက် တစ်နှစ်လုပ်ခေ ပါင် (၇.၅)သန်းအထိ ပေးချေသွားမဖယိ့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ယခင်နည်းပြဟောင်း မော်ရင်ဟိုက တစ်နှစ်လုပ်ခ ပေါင် (၁၅)သန်းအထိ ရရှိခဲ့တာဖြစ်ပြီး ဆိုးလ်ရှားဟာ မော်ရင်ဟိုရဲ့ လုပ်ခထက်ဝက်ခန့်အထိကို ရရှိခံစားနိုင်မှာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းကို ဗုဒ္ဓဟူးနေ့က အနိုင်ကစားခဲ့ပြီး ယူနိုက်တက်ကို ကွာတားဖိုင်နယ်အဆင့်ထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက် ဆိုးလ်ရှားဟာ ယူနိုက်တက်နည်းပြရာထူးကို ရယူနိုင်ဖို့ ပိုမို အခွင့်အလမ်းကောင်းသွားခဲ့ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့ကလည်း ဆိုးလ်ရှားကို အသင်းမှာ ရေရှည်နည်းပြအဖြစ် ခန့်အပ်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပြီး မကြာခင်မှာ ဒီသတင်းကို အတည်ပြုကြေညာဖွယ်လည်း ရှိတယ်လို့ Mirror က ရေးသားခဲ့ပါတယ်။ အသင်းရဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေကလည်း ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် မြင်တွေ့ချင်တယ်လို့ ထုတ်ဖော်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ယူနိုက်တက်နောက်ခံလူ လုခ်ရှောက "ကျွန်တော်တို့ အားလုံးက အိုလီကို ချစ်ခင်ကြပြီး အသင်းအတွက် သူ လုပ်ပေးခဲ့တဲ့ လုပ်ဆောင်ချက်အများအပြားကိုလည်း စိတ်တိုင်းကျနေခဲ့ပါတယ်၊ ရလဒ်တွေအားလုံးအပြီးမှာ ဒီနေရာအတွက် ဆိုးလ်ရှားထက် ပိုပြီးသင့်တော်တဲ့သူ မရှိတော့ဘူးဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး" လို့ လုခ်ရှောက ပြောကြားခဲ့ပါတယ်။

"အသင်းရဲ့ လက်ရှိအနေအထားအပေါ် အားလုံးက ပျော်ရွှင်နေကြပြီးတော့ ဒီရလဒ်တွေက သူ့ကို အမြဲတမ်းနည်းပြခန့်အပ်ဖို့အတွက်ဆိုတာ ပြသနေပါတယ်၊ အဝေးကွင်းမှာ (၉)ပွဲဆက် နိုင်ပွဲရရှိခဲ့တဲ့နောက် ဆိုးလ်ရှားနဲ့ သူ့နည်းပြအဖွဲ့ဝင်တွေက သူတို့ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို ပြသနနိုင်ခဲ့ပါတယ်၊ ဒီအတွက် အသင်းမှာ သူနဲ့အတူ ရေရှည်ဆက်သွားနိုင်မယ်လို့ ထင်ပါတယ်" လို့လည်း ရှောက ထပ်ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က