ဒီနေ့ည (၉း၃၀)နာရီမှာ ကစားသွားကြမှာပါ။

ဒီနေ့ည (၉း၃၀)နာရီမှာတော့ မန်ချက်စတာယူနိုက်တက် နဲ့ ဝက်ဖို့ဒ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲကို ယှဉ်ပြိုင်ကစားကြတော့မှာပါ။ ဒီပွဲဟာ ဆိုးလ်ရှားအတွက် နည်းပြသစ်အဖြစ် အတည်ပြုခန့်အပ်ခံရပြီး ကိုင်တွယ်ရမယ့် ပထမဆုံးပွဲလည်း ဖြစ်ပါတယ်။ ပြီးတော့ နောက်ဆုံး (၂)ပွဲဆက်တိုက် ရှုံးနိမ့်ထားခဲ့မှုတွေကနေ ပြန်ပြီး ရုန်းထွက်ပြရမယ့် ပွဲလည်း ဖြစ်လို့ အနိုင်ရဖို့ မဖြစ်မနေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ပွဲကြိုအချက်အလက်၊ မှတ်တမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။




နှစ်ဖက်အသင်းဒဏ်ရာရ/ပွဲပယ်သတင်း

- ဒီပွဲမှာ ဆန်းချက်ဇ်၊ ဗလန်စီယာ နဲ့ ဒါမီယန်တို့ ပါဝင်ဖို့မရှိဘူးလို့ ဆိုးလ်ရှားက အတည်ပြုထားပါတယ်။

- လူကာကူ နဲ့ လင်ဂတ်တို့ကတော့ မသေမချာဖြစ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။

- မာတစ်၊ လုခ်ရှော၊ မာရှယ် နဲ့ ရက်ရှ်ဖို့ဒ်တို့က ကြံ့ခိုင်မှုပြည့်ဝဖို့ ရုန်းကန်နေရတယ်လို့ သိရပါတယ်။

- ဝက်ဖို့ဒ်မှာ ယူနိုက်တက်ကစားသမားဟောင်း ကလီဗာလေ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

- ဟိုးလ်ဘက်စ်ကတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့လို့ ပါဝင်နိုင်မှာပါ။


အချက်အလက်၊မှတ်တမ်းများ

- ဝက်ဖို့ဒ်နဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ (၁၁)ပွဲမှာ ယူနိုက်တက်က (၁၀)ပွဲအထိ အနိုင်ရရှိခဲ့ပါတယ်။

- ဝက်ဖို့ဒ်ကတော့ မန်ချက်စတာမှာ လာကစားခဲ့တဲ့ အဝေးကွင်းပွဲ (၁၇)ပွဲမှာ (၁၆)ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။

- ယူနိုက်တက်ဟာ ဒီရာသီမှာ အိမ်ကွင်းပွဲ (၂)ပွဲသာ ပေးဂိုးမရှိခဲ့ပဲ ဖူလ်ဟမ်ထက် တစ်ပွဲသာ သာလွန်နေပါတယ်။

- ယူနိုက်တက်ဟာ ၂၀၁၆ စက်တင်ဘာလမှာ (၃)ပွဲဆက်တိုက် အရေးနိမ့်ခဲ့ဖူးပြီး နောက်ဆုံးပွဲကတော့ ဝက်ဖို့ဒ်ကို ၁-၃ နဲ့ အရေးနိမ့်ခဲ့တာပါ။

- ဝက်ဖို့ဒ်ကစားသမား ဒယ်လိုဖူက နောက်ဆုံး (၄)ပွဲမှာ (၆)ဂိုးအထိ ပါဝင်ပတ်သက်ပြီး (၄)ဂိုးသွင်းကာ (၂)ကြိမ်ဖန်တီးပေးထားပါတယ်။

- ဒီရာသီမှာ မာရှယ်နဲ့ ရက်ရှ်ဖို့ဒ်က လိဂ်ဂိုး (၉)ဂိုးစီ သွင်းယူပေးထားပါတယ်။ ယူနိုက်တက်မှာ ပေါ့ဂ်ဘာ နဲ့ လူကာကူတို့က (၁၀)ဂိုးစီ သွင်းပေးထားပြီးဖြစ်ပါတယ်။ ၂၀၁၂-၁၃ မှာ ယူနိုက်တက်ကစားသမား (၃)ဦးဖြစ်တဲ့ ရွန်နီ၊ ဗန်ပါစီ နဲ့ ဟာနန်ဒက်ဇ်တို့က (၁၀)ဂိုးပြည့်အောင်သွင်းနိုင်ခဲ့ပြီးနောက် အဆိုပါစံချိန်ကို လက်ရှိအချိန်ထိ ပြန်မရသေးပါဘူး။


ဖြစ်နိုင်ဖွယ်လူစာရင်း

ပေါလ်မာဆွန်ရဲ့ ခန့်မှန်းချက်

- ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့အတွက် ရုန်းကန်နေရတာပါ။ အခွင့်အရေးအများကြီး ရှိနေပါသေးတယ်။ ဝက်ဖို့ဒ်ကတော့ လီဗာပူးလ်နဲ့ပွဲမှာ ဆိုးရွားတဲ့ ကစားပုံကို ပြသခဲ့တာပါ။ ယူနိုက်တက်က နောက်ဆုံး (၂)ပွဲဆက် အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲကိုတော့ သူတို့တွေ အနိုင်ယူပြီး

ဖိအားတွေကို ဖယ်ရှားနိုင်ပါလိမ့်မယ်။ ယူနိုက်တက် ၂-၁ ဝက်ဖို့ဒ်ပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က