အမှတ်တရ အဖြစ်ဆုံး လက်ဆောင်က ဘာများလဲ။

ခင်ဇာခြည်ကျော်က သားဖြစ်သူရဲ့ လက်ဆောင်တွေထဲက အမှတ်တရအဖြစ်ဆုံး လက်ဆောင်လေးတစ်ခုအကြောင်း ပြောပြလာပါတယ်။ ဘုန်းမင်းနေလကလည်း မေမေ့ကို လက်ဆောင်ပေးဖို့ ခက်ခက်ခဲခဲ စဉ်းစားခဲ့ရတာတွေရှိပါတယ်တဲ့။

Photo: Mielay



သရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သားကြီး ဘုန်းမင်းနေလက လက်ရှိမှာ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ မင်းသားချောလေးဖြစ်လို့နေပါပြီ။ သားကလည်း မေမေ့ကို အရမ်းချစ်တဲ့သူပါ။ မေမေ့အတွက် အမှတ်တရအဖြစ်ဆုံး လက်ဆောင်အကြောင်းကိုလည်း ခင်ဇာခြည်ကျော်က မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’သားရဲ့ အမှတ်တရ လက်ဆောင်လေးဆိုရင်တော့ မနှစ်တုန်းက ပေးတဲ့ ဂါဝန်အဖြူလေးပေါ့နော်။ သူက သူ့အမေကို ၁၆ နှစ်သမီးလို့ ထင်လို့ ဖြစ်မယ် ဂါဝန်က ကားကားနဲ့ အစ်မကလည်း ဂါဝန်က ကားရင် သိပ်မကြိုက်ဘူးလေ။ မကြိုက်တော့ သားရယ် မေမေအရမ်းကျေးဇူးတင်ပါတယ်။ ဒီဂါဝန်လေးကို မေမေ ဘယ်သူ့မှလည်း မပေးဘူး။ အမှတ်တရအနေနဲ့လည်း သိမ်းထားမယ်ဆိုပြီးတော့ သိမ်းထားဖြစ်တယ်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ဘုန်းမင်းနေလကလည်း မေမေ့အတွက် လက်ဆောင်ပေးတဲ့အချိန်က လက်ဆောင်ပစ္စည်း ရွေးချယ်ရ အခက်ဆုံးအချိန်လို့ ဆိုပါတယ်။

‘’ကျွန်တော်က မိန်းကလေး အသုံးအဆောင်ပစ္စည်း သိပ်မသိဘူး အစ်မရဲ့။ ကျွန်တော်မေးရတာပဲ ဒါနဲ့လိုက်မလား၊ ဒီဟာနဲ့ အမေနဲ့ တော်မလား၊ အကျီၤပေးရအရမ်းခက်တယ်။ နှုတ်ခမ်းနီ အရောင်ဆိုရင်လည်း သူက ဘယ်လိုအရောင်တွေမှ ကြိုက်သလဲ။ ကောင်တာက အစ်မတွေနဲ့လည်း စကားတော်တော်ပြောရတယ်’’ ဆိုပြီးတော့ POSH Runway 2019 ပွဲတက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Khin Zar Chikyaw

ခင်ဇာခြည်ကျော်ဟာ အမြဲတမ်း အလိုလို Surprise လုပ်တတ်တဲ့ သားဖြစ်သူ ဘုန်းမင်းနေလ အကြောင်းကို ပြောပြခဲ့ပါသေးတယ်။

‘’သူက အဲဒီလို ကြိုမပြောတတ်ဘူး။ အစ်မအရမ်းကြိုက်တဲ့ အင်္ကျၤီလေး တစ်ထည်တို့၊ နောက်ပြီးတော့ Birthday Cake ဆိုရင်လည်း ညဘက် ၁၂ နာရီလောက်မှထပြီးတော့ Birthday wish လုပ်တာတို့ အဲဒီလို surprise လုပ်တတ်ပါတယ်။ အမေများနေ့ဆိုရင်တော့ အမေကို ဆေးနဲ့ ကန်တော့တယ်’’ လို့ သူကဆိုပါတယ်။

Photo: Khin Zar Chikyaw

သရုပ်ဆောင်ခင်ဇာခြည်ကျော်မှာတော့ အရမ်းကိုချောမောပြီး ချစ်စရာကောင်းလွန်းကြတဲ့ သားကြီး ဘုန်းမင်းနေလနဲ့ သမီးငယ်လေး ထင်သစ္စာ တို့ကို ပိုင်ဆိုင်ထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်။ သားကြီး ဘုန်းမင်းနေလကတော့ ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေ ရဲ့ အသဲစွဲမင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ သမီးငယ်လေး ထင်သစ္စာကတော့ လက်ရှိကျောင်းပညာရေးကိုဘဲ အဓိက ဦးစားပေးနေ တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က