ဟဲလေးက အသည်းကွဲသီချင်း ရေးနိုင်ဖို့ အသည်းခွဲနိုင်မယ့် ရည်းစား ၂ ယောက် ထားချင်တယ်လို့ ဇနီးဖြစ်သူကို ပူဆာခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံကတော့ ၂၀၁၉ ခုနှစ်မှာ မင်္ဂလာသက်တမ်း ၁၁ နှစ်ပြည့်တော့မှာဖြစ်ပါတယ်။
ဟဲလေးတစ်ယောက် အသည်းမခွဲတတ်တဲ့ ဇနီးဖြစ်သူကြောင့် အသည်းကွဲ သီချင်းရေးဖို့ အခက်အခဲဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း အသည်းခွဲတတ်တဲ့ ရည်းစားလေးတွေထားဖို့ ဇနီးဖြစ်သူဆီက ခွင့်ပြုချက်တောင်းခဲ့ပါသေးတယ်။
'' မိန်းမရေ..ဒီရက်ထဲအသည်းကွဲသီချင်းလေးတွေ အပ်ထည်ကျတယ်။ မင်းကလည်း အသည်းမခွဲတတ်တော့ ခက်သားပဲ။ ရန်ကုန် ပြန်ရောက် ရင် သီချင်းအတွက် လိုအပ်တဲ့အချက်အလက်လေးတွေ စုဆောင်းချင်လို့ အသည်းခွဲ ကျွမ်းကျင်တဲ့ရည်းစားခပ်မှည့်မှည့်လေးနှစ်ယောက်လောက် ထားခွင့်ပေးပါနော်..နော်...နော်...နော်လို့'' ဆိုပြီးတော့ ဇန်နဝါရီလ ၁၀ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
အဆိုတော် ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလွင်တို့ရဲ့ မင်္ဂလာသက်တမ်းက ဒီနေ့(အောက်တိုဘာ၂၃ရက်)က (၁၀)နှစ်ပြည့်လို့သွားပါပြီ။ သူတို့ဇနီးမောင်နှံဟာ မင်္ဂလာသက်တမ်း(၁၀)နှစ်ပြည့်မှာ အမှတ်တရဖြစ်အောင် တစ်ခုခု လုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။ သူတို့ စီစဉ်ထားတဲ့ အတိုင်း ဒီနေ့မှာ အကောင်အထည်ဖော်ခဲ့တာ တွေ့ရပါတယ်။
မင်္ဂလာသက်တမ်း (၁၀)နှစ်ပြည့်တဲ့နေ့လေးမှာ မိသားစုလိုက ်အလှူအတန်းတွေ ပြုလုပ်ခဲ့တာတွေ့ရပါတယ်။ ဟဲလေးနဲ့ ဇနီးဖြစ်သူ မြတ်သီရိလင်းတို့ဟာ နှစ်ယောက်အတူတူ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဟာ ၂၄နှစ်တာရှိခဲ့ပါပြီ။ ရည်စားမဖြစ် ခင် (၆)နှစ်၊ ရည်းစားဖြစ်ပြီး (၈)နှစ်နဲ့ အိမ်ထောင်သက်က(၁၀)နှစ် ပါတဲ့။ အိမ်ထောင်သက်(၁၀)နှစ်အတွင်းမှာ သားလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားနိုင်ခဲ့ပါပြီ။
အဆိုတော် ဟဲလေးဟာ ယခုနောက်ပိုင်းရှိုးပွဲတွေသွားနေရသလို မကြာသေးခင်က သူ့ရဲ့ "မှည့်" သီချင်းဟာလည်း ပရိသတ်အားပေးမှု ရရှိခဲ့ တဲ့ သီချင်းဖြစ်ပါတယ်။ဟဲလေးဟာ ဂီတလောကမှာ အောင်မြင်နေတဲ့ အဆိုတော်တစ်ဦးလည်း ဖြစ်ပါတယ်။