အမေရိကန်ဈေးကွက်မှာ Top 5 စာရင်းဝင်လာပြီ ဖြစ်ပါတယ်။

OnePlus အမှတ်တံဆိပ်ဖုန်းတွေဟာ အမေရိကန်ဈေးကွက်မှာ ဝယ်လိုအား ၅ ဆ ကျော် မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ 

Counterpoint ဈေးကွက်အစီရင်ခံစာအရ ၂၀၂၁ စတုတ္ထသုံးလပတ်အတွင်း အမေရိကန်ဈေးကွက် OnePlus ဖုန်းရောင်းအားဟာ ၅၂၄% အထိ ထိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။ Q4 သုံးလပတ် စမတ်ဖုန်းဈေးကွက်ဝေစုအရ OnePlus ဟာ Google ဖုန်းတွေထက်ကို ရောင်းအားမြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်ထဲ OnePlus ဝယ်လိုအားတက်လာခဲ့တဲ့ အဓိကအကြောင်းအရင်းတစ်ခုက ဈေးနှုန်းသင့်တင့်တဲ့ Nord Series တွေကြောင့် လို့ ဆိုပါတယ်။



Photo:Notebook Check

OnePlus Nord စီးရီးတွေ အမေရိကန်ဈေးကွက်မှာ အောင်မြင်မှုရရှိဖို့ T-Mobile ကလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်တယ်လို့ Telecom Talk က ဖော်ပြပါတယ်။ အမေရိကန်ဖုန်းဈေးကွက် စတုတ္ထသုံးလပတ်မှာ OnePlus ဟာ ဈေးကွက်ဝေစု ၂% ရထားပြီး ရောင်းအားအမြင့်ဆုံးဖုန်းကုမ္ပဏီ ၅ ခုစာရင်းမှာ ပါဝင်လာပါတယ်။ Google ကတော့ ဈေးကွက်ဝေစုရဲ့ ၁% ကျော်ပဲ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ 

ကူပါတီနိုအခြေစိုက် Apple ကတော့ စတုတ္ထသုံးလပတ်အတွက် ဈေးကွက်တေစု ၅၇% နဲ့ အမေရိကန်ရဲ့ ရောင်းအားအကောင်းဆုံးဖုန်းကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နေပြီး သူ့နောက်မှာ Samsung နဲ့ Motorola တို့က ဈေးကွက်ဝေစု ၂၄% နဲ့ ၉% စီ ပိုင်ဆိုင်ပြီး အစဉ်အတိုင်း ရပ်တည်နေပါတယ်။

Photo: Business Insider

၂၀၂၁ Q4 ကာလမှာ ပစ္စည်းအစိတ်အပိုင်းတွေ ပြတ်လပ်မှုကြောင့် Galaxy S21 စီးရီးတင်ပို့မှု နှေးကွေးခဲ့သလို Galaxy S21 FE ထွက်ရှိမှုလည်း ကြန့်ကြာခဲ့တာကြောင့် Samsung ဖုန်း ဝယ်လိုအား ကျဆင်းလာခဲ့တာပါ။ 

OnePlus ကတော့ Google Pixe 6 / 6 Pro စီးရီးသစ်တွေ ထွက်ရှိလာချိန်မှာကို ရောင်းအားမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ Google ဖုန်းတွေအနေနဲ့လည်း နှစ်အလိုက် ရောင်းအား ၅၆% တက်လာာဖြစ်လို့ အခြေအနေ မဆိုးလှဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က