လူအတွက် ခက်တဲ့အလုပ်တွေကို စက်ရုပ်တွေက လုပ်ပေးသွားမှာပါ

အမေရိကန်ပြည်ထဲရေးဝန်ကြီးဌာနဟာ နိုင်ငံနယ်စပ်လုံခြုံရေးအတွက် ကင်းလှည့်ဖို့ နည်းပညာသစ်တွေ အသုံးပြုတော့မယ်လို့ ဆိုပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာန DHS ဟာ ခွေးပုံစံ စက်ရုပ်တွေနဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ ပတ္တရောင်လှည့်သွားမှာ ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေကို အလိုအလျောက်စနစ်သုံး မြေပြင်စောင့်ကြည့်ရေးသုံး ယာဉ်များလို့ တရားဝင်နာမည်ပေးထားတယ်လို့လည်း CNN သတင်းက ဆိုပါတယ်။ နယ်စပ်မှာ ကင်းလှည့်ဖို့ ဒီစက်ရုပ်တွေ ချထားမယ့် အချိန်တော့ အတိအကျ မသိရသေးပါဘူး။ 



Photo: CNN


"တောင်ပိုင်းနယ်စပ်တွေက လူနဲ့ တိရစ္ဆာန်တွေအတွက် ခက်ခဲကြမ်းတမ်းတဲ့နေရာတစ်ခုဖြစ်နိုင်ပါတယ်။ ဒီနေရာတွေမှာ စက်ရုပ်တွေက ပိုပြီး အလုပ်ကိုကောင်းကောင်းလုပ်နိုင်ပါလိမ့်မယ်။" လို့ DHS သိပ္ပံနဲ့ နည်းပညာဌာန S&T ရဲ့အစီအစဉ်ညွှန်ကြားရေးမှူး ဘရန်ဒါ လောင်းဂ်က ဆိုပါတယ်။ 

နယ်စပ်ပတ္တရောင် ခွေးစက်ရုပ်တွေကို Ghost Robotics က တီထွင်ထုတ်လုပ်ပေးထားတာ ဖြစ်ပြီး ဒီစက်ရုပ်တွေက သူ့အလုပ်တာဝန်ကို မှန်မှန်ကန်ကန် လုပ်ပေးနိုင်လို့ နယ်စပ်က လူတွေအတွက် စိုးရိမ်စရာရှိမှာ မဟုတ်ဘူးလို့ ကုမ္ပဏီရဲ့ CEO ဂျီရန် ပါရစ်ခ်က က ပြောပါတယ်။ 

ခြေထောက်လေးချောင်းပါပြီး ကြမ်းတမ်းဆိုးဝါးတဲ့ လမ်းကြောင်းတွေမှာ ကုပ်ကတ်တက်နိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ဒီစက်ရုပ်တွေဟာ ခြိမ်းခြောက်မှုနဲ့ တရားမဝင်မှောင်ခိုပစ္စည်း တင်သွင်းမှုကိုလည်း ထောက်လှမ်းရှာဖွေနိုင်မယ်လို့ ဆိုပါတယ်။ စက်ရုပ်တွေ ဖြစ်လို့ အစာနဲ့ ရေမလိုအပ်သလို ပြင်းထန်တဲ့ အပူချိန်နဲ့ မြွေပွေးမြွေဟောက်ရန်ကိုလည်း ကြောက်စရာလိုမှာ မဟုတ်ပါဘူး။ 

ခွေးစက်ရုပ်တွေရဲ့ ပြဿနာတစ်ခုက လက်တွေ့မှာ ၄ နာရီပဲ ဘက်ထရီအားခံတာကြောင့် ဘက်ထရီအားသိပ်မခံတဲ့ ပြဿနာ ရှိနေပါတယ်။ ဒီစက်ရုပ်တွေဟာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးတာမျိုး လုပ်နိုင်မှာ မဟုတ်ပေမယ့်လည်း ကန္တာရမြေက ခိုးဝင်သူတွေကို ထောက်လှမ်းပြီး မြေပြင်အခြေအနေကို ရုံးချုပ်ဆီ ပို့ရာမှာတော့ အသုံးဝင်နိုင်ပါတယ်။ 

Share

Loading Next Article...
က္က