OptaJoe ရဲ့ စစ်တမ်း ထုတ်ပြန်ချက်အရ ဖြစ်ပါတယ်။

မနှစ်က ဘောလုံးရာသီအစကနေပြီး ဒီကနေ့အထိ ဒီဂီယာဟာ အမှား ၆ ကြိမ်ကနေ ဂိုး ၆ ဂိုး ပေးထားရတာ ဖြစ်ပါတယ်။

ဝက်ဖို့ဒ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီဂီယာရဲ့ အမှားကတဆင့် ဂိုးတစ်ဂိုး ခွင့်ပြုလိုက်ရပြီးတဲ့နောက် ဒီဂီယာဟာ ပရီးမီးယားလိဂ်ရဲ့ အမှားအများဆုံး ဂိုးသမားတစ်ဦး ဖြစ်နေပြီဆိုတာ သိလိုက်ရပါတယ်။



OptaJoe ရဲ့ စစ်တမ်း ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဘောလုံးရာသီ အစကနေ စတင်ပြီး လက်ရှိအချိန်ထိ ဒီဂီယာ လောက် အမှားတွေကတဆင့် ဂိုးတွေ ပေးလိုက်ရတဲ့သူ မရှိသေးဘူးလို့ သိရပါတယ်။



ဒီဂီယာကတော့ မနှစ်က ဘောလုံးရာသီအစကနေ ဒီနှစ်ဘောလုံးရာသီ ကစားနေချိန်အထိ အမှား ၆ ကြိမ်ကနေ ဂိုး ၆ ဂိုးထိ ပေးထားရတာပါ။

ဒီဂီယာအနေနဲ့ အခုလို အမှားအယွင်းတွေသာ မရှိရင် ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ဦးတောင် ဖြစ်နေနိုင်ပါလျက်နဲ့ မလိုလားတဲ့ အမှားတွေကြောင့် မကြာခဏ အပြစ်တင်ခံနေရတာလည်း ဖြစ်ပါတယ်။

ဒီဂီယာအနေနဲ့ သူမတူတဲ့ ကာကွယ်မှုတွေနဲ့ ယူနိုက်တက်ကို ဒီကနေ့အချိန်အထိ အကျိုးပြုထားပေမယ့်လည်း အခုလိုပဲ အခြားတစ်ဖက်မှာလည်း စံချိန်မှတ်တမ်းဆိုးတွေ ပိုင်ဆိုင်ထားရတာပါ။

ယူနိုက်တက်အသင်းကတော့ ဝက်ဖို့ဒ်ကို အရေးနိမ့်မှုကြောင့် ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၈ နေရာကို ဆင်းသက်ပေးခဲ့ရပြီး အဆင့် ၄ က ချဲလ်ဆီးနဲ့ ၇ မှတ်ကွာဟနေပါပြီ။

Share

Loading Next Article...
က္က