သူတို့ကြားအဆင်မပြေမှုက ဘာကြောင့်လဲဆိုတာကို မာရှယ်က ဖွင့်ဟလိုက်ပါတယ်။

သူ့အပေါ်မှာ မော်ရင်ဟိုက လေးစားမှုမရှိခဲ့ဘူးလို့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအန်သိုနီမာရှယ်က ထုတ်ဖော်ပြောဆိုမှုတွေပြုလုပ်လိုက်ပါတယ်။ ယူနိုက်တက်နည်းပြအဖြစ် တာဝန်ယူချိန်မှာ သူတို့နှစ်ဦးကြား ပြသနာတွေဖြစ်ပွားခဲ့ပြီး မာရှယ်က ပုံမှန်နေရာပါ ပျောက်ဆုံးခဲ့ရကာ အဆင်မပြေမှုတွေအားလုံးက ကျောနံပါတ်ကြောင့် ဖြစ်ခဲ့ရတာလို့ ပြင်သစ်တိုက်စစ်မှူးက ပြောဆိုခဲ့ပါတယ်။ 



"မော်ရင်ဟိုနဲ့ ကျနော့်ကြားပြသနာတွေက ကျောနံပါတ်နဲ့စခဲ့တာပါ၊ အားလပ်ရက်ရတဲ့အချိန်တွေအတွင်းမှာ သူက ကျနော့်ကို နံပါတ် ၁၁ ယူချင်လားလို့ မက်ဆေ့ချ်ပို့ပြီးတော့ မေးတယ်၊ ဒါက ရိုင်ယန်ဂစ်လို ဂန္ထဝင်ကစားသမားဝတ်ဆင်ခဲ့တာမို့ အရမ်းကောင်းတဲ့ နံပါတ်ဖြစ်တယ်ဆိုပြီး ရှင်းပြတယ်၊ ရိုင်ယန်ဂစ်ကို ကျနော်လေးစားမှုရှိတဲ့အကြောင်း သူ့ကို ကျနော်ပြောပြခဲ့တယ်၊ ဒါပေမယ့် ကျနော့်နံပါတ် ၉ ကိုပဲ ဆက်ယူချင်တယ်လို့လည်း ပြောခဲ့တယ်"

"အသင်းကို ကျနော်ပြန်ရောက်ချိန်မှာ ကျနော့်ဂျာစီနံပါတ်က ၁၁ ဖြစ်နေပြီ၊ ဒီဇာတ်လမ်းတွေက ကောင်းကောင်းစတင်ခဲ့တာမဟုတ်တော့ဘူး၊ သူက ကျနော့်ကို လေးစားမှုမရှိခဲ့ဘူး၊ ၂၀၁၇-၁၈ ရာသီမှာ ကျနော်က အသင်းအတွက် ရာသီဝက်ဂိုးသွင်းအများဆုံးကစားသမားဖြစ်နေခဲ့တာ၊ သူက အလက်ဆစ်ဆန်းချက်ဇ်ကို ခေါ်ခဲ့တယ်၊ ကျနော်လည်း ဒီထက်ပိုပြီးတော့ မကြိုးစားနိုင်တော့ဘူးလေ၊ ကမ္ဘာ့ဖလားအချိန်လည်းဖြစ်နေပြီး ကျနော်ပေးဆပ်ခဲ့ရတာ ကြီးမားလွန်းပါတယ်၊ ကျနော် ပြင်သစ်နဲ့အတူ ရုရှားမှာ ရှိနေခဲ့သင့်ရမှာပါ" ပါလို့ မာရှယ်က France Football ကို

ပြောဆိုခဲ့ပါတယ်။ 

မော်ရင်ဟိုထွက်ခွာသွားတဲ့နောက် မာရှယ်က ၂၀၁၉-၂၀၂၀ ရာသီမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၇ ဂိုးအထိ ရရှိခဲ့ကာ ယူရိုပါလိဂ်မှာလည်း ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ခြေစွမ်းပြန်ပျောက်သွားခဲ့လို့ ပြီးခဲ့တဲ့ရာသီမှာ ဆီဗီလာကို အငှားနဲ့ ထွက်ကစားခဲ့ရပြီး ဒီရာသီမှာ တန်ဟက်ဂ်ျရောက်လာမှုနဲ့အတူ သူ့ကို အဓိကတိုက်စစ်မှူးအဖြစ်အသုံးပြုဖို့ ရည်ရွယ်ခဲ့ပါတယ်။ 

ရာသီကြိုခြေစမ်းပွဲတွေမှာ မာရှယ်က ခြေစွမ်းပြနိုင်ခဲ့လို့ ပုံမှန်ကစားခွင့်ရဖို့ရှိပေမယ့် လက်ရှိမှာ ဒဏ်ရာကြောင့်အနားယူနေရပါတယ်။ မာရှယ်ကတော့ လိုင်ယွန်လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့ပြီးနောက် မိုနာကို,ကို ပြောင်းရွှေ့ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့လို့ ယူနိုက်တက်က ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ကို ၂၀၁၃ မှာ​ ရောက်ရှိလာခဲ့ပြီး ပွဲပေါင်း ၁၀၀ ကျော်ကစားပေးထားကာ ၅၆ ဂိုး သွင်းယူပေးထားပါတယ်။ 

Share

Loading Next Article...
က္က