ကလေးတွေ စာဖတ်တဲ့အလေ့အထရှိစေရန်နဲ့ ပတ်ဝန်ကျင်းကို ဂရုစိုက်တတ်စေရန် ကူညီပေးနေတာလို့ ဆိုပါတယ်

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာနေထိုင်တဲ့ စာကြည့်တိုက်မှူးတစ်ဦးက အများနဲ့မတူ တစ်မူးထူခြားတဲ့ သုံးဘီးဆိုင်ကယ် စာကြည့်တိုက်ကို တည်ထောင်ထားပြီး ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကလေးငယ်တွေ စာပိုဖတ်ကြစေရန် တတ်နိုင်တဲ့ဘက်ကနေ ဆောင်ရွက်နေပါတယ်။

ရာဒင်ရိုရိုဟင်ဒါတီ (Raden Roro Hendarti) လို့ခေါ်တဲ့ အမျိုးသမီးက တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဥ်နေ့တိုင်း ကုန်ပစ္စည်းတင်ဆောင်နိုင်တဲ့ သူမရဲ့ သုံးဘီးဆိုင်ကယ်နောက်မှာ စာအုပ်တွေအပြည့်နဲ့ Muntang ကျေးရွာလေးမှာ မောင်းနှင်လှည့်လည်ပြီး ကလေးတွေကို စာအုပ်ငှါးရမ်းပေးပါတယ်။



(Photo: Ajeng Dinar Ulfiana / Reuters)

ရာဒင်က စာအုပ်ငှါးရမ်းခအဖြစ် ကလေးတွေထံမှ ပလတ်စတစ်ခွက်တွေ၊ အိတ်တွေနဲ့ အခြား အမှိုက်တွေကို စုဆောင်းသိမ်းဆည်းပြီး ပြန်သယ်ဆောင်လာပါတယ်။ သူမအနေနဲ့ ကလေးတွေ စာဖတ်တဲ့အလေ့အထရှိစေရန်နဲ့ ပတ်ဝန်ကျင်းကို ဂရုစိုက်တတ်စေရန် ကူညီပေးနေခြင်းဖြစ်တယ်လို့ အသက် ၄၈ နှစ်အရွယ် ရာဒင်က Reuters သတင်းဌာနကို ပြောပါတယ်။

အွန်လိုင်းလောကရဲ့အန္တရာယ် လျော့နည်းစေဖို့ ငယ်ငယ်ကတည်းက စာပေကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ ယဥ်ကျေးမှုတစ်ရပ် ဖော်ဆောင်ကြတာပေါ့

ကျေးရွာလေးကို ရာဒင် ရောက်ရှိလာပြီး မကြာမီမှာပင် မိခင်တွေနဲ့အတူလာကြသူတွေ အပါအဝင် ကလေးငယ်တွေက "အမှိုက်စာကြည့်တိုက်" လို့ နာမည်ပြောင်းပေးထားတဲ့ သူမရဲ့ သုံးဘီးဆိုင်ကယ်ပတ်လည်မှာ ဝိုင်းအုံလာကြပြီး ငှါးရမ်းလိုတဲ့စာအုပ်တွေ မေးမြန်းတောင်းဆိုလေ့ရှိကြပါတယ်။

ကလေးငယ်တွေ အားလုံးက အမှိုက်အိတ်တွေ ကိုယ်စီယူဆောင်လာခဲ့ကြပြီး ရာဒင်ရဲ့ သုံးဘီးဆိုင်ကယ်မှာ စာအုပ်တွေအစားအမှိုက်အိတ်တွေ အလျင်အမြန် ပြည့်သွားလေ့ရှိပါတယ်။ ရာဒင်က ကလေးငယ်တွေ စာဖတ်ကြတာကြောင့် အွန်လိုင်းဂိမ်းဆော့ချိန် လျော့နည်းသွားမှုအတွက် ကျေနပ်မိတယ်လို့ ဆိုပါတယ်။

(Photo: Ajeng Dinar Ulfiana / Reuters)

"အွန်လိုင်းလောကရဲ့အန္တရာယ် လျော့နည်းစေဖို့ ငယ်ငယ်ကတည်းက စာပေကို မြတ်နိုးတန်ဖိုးထားတတ်တဲ့ ယဥ်ကျေးမှုတစ်ရပ် ဖော်ဆောင်ကြတာပေါ့၊ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့နဲ့ ကမ္ဘာကြီးကို အမှိုက်တွေကနေ ကယ်တင်ဖို့ ကျွန်မတို့ရဲ့အမှိုက်တွေကိုလည်း ဂရုစိုက်ရပါမယ်" လို့ ရာဒင်က ပြောပါတယ်။

ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့နဲ့ ကမ္ဘာကြီးကို အမှိုက်တွေကနေ ကယ်တင်ဖို့ ကျွန်မတို့ရဲ့အမှိုက်တွေကိုလည်း ဂရုစိုက်ရပါမယ်

ရာဒင်ဟာ တစ်ပတ်လျှင် အမှိုက်အလေးချိန် ပေါင် ၂၂၀ (၁၀၀ ကီလိုဂရမ်) ခန့် စုဆောင်းရယူပြီး သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ထိုအမှိုက်တွေကို လိုအပ်တဲ့ပြင်ဆင်မှုလုပ်ကာ ပြန်လည်အသုံးပြုနိုင်ရန် လုပ်ဆောင်တဲ့နေရာတွေသို့ ပို့ဆောင်ခြင်း သိုမဟုတ် ရောင်းချခြင်း ဆောင်ရွက်ပါတယ်။ ရာဒင်ဟာ ငှါးရမ်းရန်အတွက် စာအုပ် ၆,၀၀၀ စုဆောင်းထားပြီး အနီးအနားရှိ နေရာတွေကိုလည်း ရွေ့လျားစာကြည်တိုက်အဖြစ် ဝန်ဆောင်မှုပေးလိုတယ်လို့ ပြောပါတယ်။

(Photo: Ajeng Dinar Ulfiana / Reuters)

"အမှိုက်တွေများတဲ့အခါ ကျွန်တော်တို့ ပတ်ဝန်းကျင်က ညစ်ပတ်လာပြီး ကျန်းမာရေးအတွက် မကောင်းပါဘူး၊ ဒါကြောင့် ကျွန်တော်က စာအုပ်ငှါးဖို့ အမှိုက်တွေ လိုက်ရှာစုဆောင်းတာပါ" လို့ အသက် ၁၁ နှစ်အရွယ် စာဖတ်ဝါသနာပါသူလေး Kevin Alamsyah က ဆိုပါတယ်။ ရာဒင်ရဲ့ဆောင်ရွက်ချက်ဟာ လူငယ်တွေကြား အွန်လိုင်းဂိမ်းစွဲလမ်းမှု တိုက်ဖျက်ရန်နဲ့ စာဖတ်ခြင်းကို အားပေးမြှင့်တင်ရန် ၎င်းတို့ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို အားဖြည့်းပေးခဲ့တယ်လို့ Muntang ကျေးရွာ တည်ရှိရာဒေသရှိ ဗဟိုစာကြည့်တိုက် အကြီးအကဲ Jiah Palupi က အသိအမှတ်ပြု ပြောခဲ့ပါတယ်။

အမှိုက်တွေများတဲ့အခါ ကျွန်တော်တို့ ပတ်ဝန်းကျင်က ညစ်ပတ်လာပြီး ကျန်းမာရေးအတွက် မကောင်းပါဘူး၊ ဒါကြောင့် ကျွန်တော်က စာအုပ်ငှါးဖို့ အမှိုက်တွေ လိုက်ရှာစုဆောင်းတာပါ

အင်ဒိုနီးရှားမှာ အသက် ၁၅ နှစ်အထက် စာတတ်မြောက်မှုနှုန်းဟာ ၉၆ ရာခိုင်နှုန်းဝန်းကျင် ဖြစ်ပါတယ်။ သို့သော် ကပ်ရောဂါကြောင့် ကျောင်းတွေ ကာလရှည်ကြာ ပိတ်ထားခဲ့ရာမှ အသက် ၁၅ နှစ်အရွယ်တွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ Organisation for Economic Cooperation and Development က သတ်မှတ်ထားတဲ့ အနိမ့်ဆုံး စာဖတ်စွမ်းရည်အဆင့်အောက် ရောက်ခဲ့ကြကြောင်း World Bank က သတိပေးထားပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က