ယူနိုက်တက်နဲ့ဂျူဗီရဲ့ နောက်ဆုံး ၇ ပွဲက ကွာခြားမှုတွေရှိနေပါတယ်။

ဒီနှစ်ဘောလုံးရာသီအစမှာ ရော်နယ်ဒိုထွက်ခွာမှုနဲ့အတူ ရလဒ်တွေယိမ်းယိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံး ၇ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ၆ ပွဲအထိ အနိုင်ရရှိခဲ့ကာ ပုံမှန်လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။


ဒီနှစ်ဘောလုံးရာသီအစမှာ ရော်နယ်ဒိုထွက်ခွာမှုနဲ့အတူ ရလဒ်တွေယိမ်းယိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းဟာ နောက်ဆုံး ၇ ပွဲဆက်တိုက်ရှုံးပွဲမရှိခဲ့ဘဲ ၆ ပွဲအထိ အနိုင်ရရှိခဲ့ကာ ပုံမှန်လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ၇ ပွဲမှာ အေစီမီလန်နဲ့တစ်ပွဲတည်း သရေကျခဲ့ပြီး ချယ်လ်ဆီးအပါအဝင် ကျန်အသင်းအားလုံးကို အနိုင်ရရှိအောင်ကစားနိုင်ခဲ့ပြီး နောက်ဆုံး ၃ ပွဲဆက်တိုက် ပေးဂိုးမရှိတဲ့မှတ်တမ်းကိုပါ ရယူခဲ့ပါတယ်။ 




အယ်လီဂရီ တကျော့ပြန်ရောက်ရှိလာမှုနဲ့အတူ ဂျူဗီက ရှေ့ဆက်ဖို့ပြင်ဆင်ခဲ့ရာမှာ မထင်မှတ်ဘဲ ရော်နယ်ဒိုထွက်ခွာခဲ့တဲ့နောက် အခက်တွေ့ခဲ့ရပါတယ်။ စီးရီးအေအဖွင့်ပွဲ ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး သရေတစ်မှတ်သာရရှိခဲ့တဲ့ ဂျူဗီဟာ မယ်လ်မိုနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကစတင်ကာ ရှုံးပွဲမရှိတော့တာဖြစ်ပြီး အေစီနဲ့သရေကျခဲ့ပြီး စပီဇီယာ၊ ဆမ်ဒိုရီးယား၊ ချယ်လ်ဆီး၊ တိုရီနို၊ အလီဆန်ဒရီယာနဲ့ ရိုးမားတို့ကို ဆက်တိုက်အနိုင်ရရှိခဲ့ပါတယ်။ 

တဖက်မှာတော့ ရော်နယ်ဒိုပြောင်းရွှေ့သွားခဲ့တဲ့ ယူနိုက်တက်ဟာ ဂျူဗင်တပ်စ်နဲ့ ပြောင်းပြန်အခြေအနေတွေဖြစ်လာခဲ့ပါတယ်။ အစောပိုင်းမှာ ရလဒ်တွေကောင်းမွန်ခဲ့ပေမယ့်လည်း နောက်ဆုံး ၇ ပွဲမှာတော့ ယူနိုက်တက်တို့ နိုင်ပွဲ ၂ပွဲသာရှိခဲ့ပြီး ရှုံးပွဲက ၄ ပွဲအထိ ရှိခဲ့ကာ ရော်နယ်ဒိုကလည်း အမှတ်ပေးပွဲ ၃ ပွဲဆက်တိုက်ဂိုးပေါက်ပျောက်နေပြီး တစ်ပွဲကို ဂိုးပေါက်ကန်သွင်းမှုက လက်ငါးချောင်းတောင်မပြည့်တဲ့ အနေအထားတွေရှိနေခဲ့ပါတယ်။

ယူနိုက်တက်ဟာ ယန်းဘွိုင်းစ်၊ ဝက်စ်ဟမ်း (ကာရာဘောင်း)၊ ဗီလာ၊ လက်စတာတို့ကို အရေးနိမ့်ခဲ့ပြီး ဝက်စ်ဟမ်း (ပရီးမီးယားလိဂ်)၊ ဗီလာရီးရဲလ်တို့ကိုသာ အနိုင်ရရှိခဲ့ပြီး အဲဗာတန်နဲ့ တစ်ဂိုးစီသရေကျခဲ့တာဖြစ်ပါတယ်။ အစောပိုင်းမှာ ရော်နယ်ဒိုရဲ့ အသင်းအပြောင်းအရွှေ့ကြောင့် အသင်းနှစ်သင်းကြား ရလဒ်ပိုင်းမှာပါ ကွာခြားခဲ့တယ်လို့ ယူဆခဲ့ကြပေမယ့် နောက်ဆုံး ၇ ပွဲ ရလဒ်တွေကို ကြည့်မယ်ဆိုရင် ရော်နယ်ဒိုကြောင့် အမှန်တကယ်ဒုက္ခရောက်နေတာဟာ ဂျူဗီမဟုတ်ဘဲ ယူနိုက်တက်ဖြစ်နေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

Share

က္က