ဒုတိယ သုံးလပတ်အတွင် ကြေညာသွားဖို့ရှိပါတယ်

ကမ္ဘာ့ပထမဆုံး ခေါက်သိမ်းနိုင်စမတ်ဖုန်း ထုတ်ဖော်မိတ်ဆက်ခဲ့တဲ့ Royole ကုမ္ပဏီဟာ ဒုတိယမြောက် Foldable ကို မိတ်ဆက်ပြသခဲ့ပါတယ်။

Royole Flexpai 2 ဟာ တတိယမျိုးဆက် Cicada Wing ခေါက်သိမ်းနိုင် display သုံးထားတဲ့ Foldable ဖုန်းပါ။ ဒီ display ဟာ high-end LCD တစ်ခုထက် ကာလာထွက် ၁.၃ ဆ ပိုကောင်းပြီး အလင်းအမှောင်ပြတ်သားမှု အဆ ၅၀၀ ပိုကောင်းတယ်လို့ ဆိုပါတယ်။ ခေါက်သိမ်းမှု အကြိမ် ၂ သိန်းကျော် ခံနိုင်ပြီး Panel ခေါက်သိမ်းကွေးညွတ်မှု အချင်းဝက်ဟာ ၃ မီလီမီတာကနေ ၁ မီလီမီတာကို လျှော့ချထားပါတယ်။



Photo: engadget


display ကတော့ ၇.၈ လက်မ AMOLED display ပဲ​သုံးထားပြီး 1440p resolution ထွက်မယ်လို့ ဆိုပါတယ်။ ဖုန်းကို အပြည့်ဖွင့်ထားချိန်မှာ ဖုန်းရဲ့ အချိုးအစားဟာ 4:3 ဖြစ်မှာပါ။ FlexPai 2 ဟာ LPDDR5 RAM နဲ့ UFS 3.0 storage သုံးမှာ ဖြစ်ပြီး သုံးမယ့် RAM/storage ပမာဏတော့ မသိရသေးပါဘူး။ တရားဝင်မိတ်ဆက်တာကိုတော့ လာမယ့် တတိယသုံးလပတ်အတွင်း ဖြစ်ဖို့ ရှိပါတယ်။

FlexPai 2 ဟာ Dual Speakers နဲ့ 5G ကွန်ရက် ချိတ်ဆက်နိုင်မယ့်ဖုန်းအဖြစ် မြင်ရဖို့ ရှိနေပါတယ်။ ၂၀၂၀ ထွက် ပရီမယံဖုန်းဖြစ်တဲ့အတိုင်း Snapdragon 865 Processor ကို သုံးလာနိုင်ပါတယ်။ FlexPai 2 ကို တရုတ်မှာ နမူနာမိတ်ဆက်ပြသချိန်မှာ Royole ဟာ ZTE နဲ့ မိတ်ဖက်ပြုသဘောတူစာချုပ် ချုပ်ဆိုထားကြောင်း ကုမ္ပဏီရဲ့ CEO ဘီလ်လီယုက ပြောထားပါတယ်။

ZTE အနေနဲ့ dual-screen ပါ Axon M ဖုန်းကို မိတ်ဆက်ထားပေမယ့် တကယ့် Foldable ဖုန်းကိုတော့ မိတ်ဆက်နိုင်ခြင်း မရှိသေးပါဘူး။ Royole ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်တာကြောင့် FlexPai 2 display သုံး ZTE ဖုန်းမျိုး မြင်ရဖို့လည်း ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က