ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးသူ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့်ဟောင်း ပေါ့ဂ်ဘာက ပရိသတ်အချို့က ၎င်းကို အိုးထရက်ဖို့ဒ် ပြန်လာဖို့ တောင်းဆိုမှုတွေပြုလုပ်ခဲ့ပြီးနောက် အသင်းကို ပြန်လာဖို့ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ၂၀၁၆ မှာ ပေါ့ဂ်ဘာကို ဂျူဗင်တပ်ကနေ ပြန်ခေါ်ခဲ့ပေမယ့်လည်း ပြင်သစ်ကွင်းလယ်ကစားသမားဟာ မျှော်မှန်းထားတဲ့အတိုင်း ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဒဏ်ရာပြဿနာကြောင့် အသင်းအတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိသေးသူ ဖြစ်ပါတယ်။

ဂျူဗင်တပ်ရဲ့ မကြာသေးမီက ရမှတ်လျှော့ ပြစ်ဒဏ်ချမှတ်ခံရမှုကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်အချို့က ပြင်သစ်ကြယ်ပွင့်ကို အိုးထရက်ဖို့ဒ်ပြန်လာစေချင်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း 'The Pogumentary'လို့ ခေါင်းစဉ်ပေးထားတဲ့ Amazon Prime မှတ်တမ်းရုပ်ရှင်ထဲမှာ အသင်းဟောင်းနဲ့ပတ်သက်ပြီး ၎င်းရဲ့ ခံစားချက်ကို ပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော့် တွေးခေါ်မှုလုပ်ငန်းစဉ်က သူတို့တွေ ကျွန်တော့်ကို စာချုပ်သစ်ပေးဖို့ စောင့်ဆိုင်းနေတဲ့နေရာမှာ သူတို့ အမှားလုပ်မိခဲ့တယ်ဆိုတာကို ပြသဖို့ပဲ။ တခြားကလပ်အသင်းကို မန်ချက်စတာက ကျွန်တော့်ကို စာချုပ် မကမ်းလှမ်းတဲ့ အမှားလုပ်မိခဲ့တယ်ဆိုတာ ပြသဖို့ပါ"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာရဲ့ စကားလုံးတွေအရ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ဖို့က မဖြစ်နိုင်သလောက်နီးပါးဖြစ်ပြီး ပရိသတ်အချို့က ပြန်လာစေချင်နေတာတောင်မှပဲ ကောင်းမွန်တဲ့ကြိုဆိုမှုလည်း ရရှိမယ့်ပုံမပေါ်တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က