ချဲလ်ဆီးတို့ (၉) မှတ်လျှော့ခံရနိုင်ခြေရှိပါတယ်။

ချဲလ်ဆီးအနေနဲ့ အသင်းရဲ့အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်တွေကို အဆင်ပြေအောင် မဖြေရှင်းနိုင်ဘူးဆိုရင် ရမှတ်လျှော့ပြစ်ဒဏ်နဲ့ပါ ထပ်မံရင်ဆိုင်ရနိုင်တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ဒီကနေ့မှာ ဗြိတိန်ဝန်ကြီးချုပ် ဘော်ရစ်ဂျွန်ဆင်ရဲ့ ကြေညာချက်နဲ့အတူ အေဘရာမိုဗစ်ချ်ရဲ့ ဗြိတိန်ဒေသတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ပါပြီ။



အဲ့ဒါကြောင့် ချဲလ်ဆီးအနေနဲ့ ကစားသမားအရောင်းအဝယ်ကိစ္စရပ်တွေ၊ အသင်းမှာရှိပြီးသား ကစားသမားတွေနဲ့ စာချုပ်သစ်သက်တမ်းတိုးတာတွေကို ပြုလုပ်ခွင့်မရှိတော့ပါဘူး။ ဒါ့အပြင် ရောင်းချပြီးသားဖြစ်တဲ့ တရာသီစာလက်မှတ်တွေကလွဲရင် နောက်လာမယ့်ပွဲတွေအတွက် အိမ်ကွင်း၊ အဝေးကွင်းလက်မှတ်အသစ်တွေကို ထပ်မံရောင်းချခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။

အေဘရာမိုဗစ်ချ်က အသင်းကိုရောင်းချမယ့် အစီအစဥ်ကို တားမြစ်ထားတဲ့အချက်လည်း ပါဝင်ပေမယ့် ဒီအချက်ကိုတော့ လုပ်ထုံးလုပ်နည်းတွေအောက်မှာ ဖြေလျှော့ပေးသွားဖို့ရှိတယ်လို့ နောက်ဆက်တွဲသတင်းတွေက ဖော်ပြထားပါတယ်။ ဒါ့အပြင် အသင်းရဲ့ ကုန်ပစ္စည်းတွေ ရောင်းချမှုကို ပိတ်ပင်ထားသည့်တိုင် အစားအသောက်တွေကိုတော့ ရောင်းချခွင့်ရှိပါသေးတယ်။

ဒီလိုမျိုးအရေးယူပိတ်ဆို့မှုတွေက ချဲလ်ဆီးရဲ့ဝင်ငွေလမ်းကြောင်းအားလုံးကို တားဆီးပိတ်ဆို့လိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအနေနဲ့ ဒီလိုမျိုး ဘဏ္ဍာရေးနဲ့အုပ်ချုပ်ရေးပိုင်း၊ ဝင်ငွေနဲ့ထွက်ငွေမမျှတမှု အကျပ်အတည်းတွေကို သတ်မှတ်ချိန်အတွင်း မဖြေရှင်းနိုင်ဘူးဆိုရင်လည်း ရမှတ်လျှော့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။

ချဲလ်ဆီးအနေနဲ့ (၉) မှတ်လျှော့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ်ရှိပြီး ဒီလိုသာဖြစ်ခဲ့ရင်တော့ လတ်တလော ရပ်တည်မှုတွေအရ အာဆင်နယ်နဲ့ယူနိုက်တက်တို့ရဲ့အောက်ကိုပါ ရောက်ရှိသွားနိုင်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့် (၃) မှာ ရပ်တည်နေပြီး အဆင့် (၄) နေရာက အာဆင်နယ်ထက် (၅) မှတ်၊ အဆင့် (၅) နေရာက ယူနိုက်တက်ထက် (၆) မှတ် အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က