ဆာလာဟာ မာနေးရဲ့ အဖွင့်ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။
မန်စီးတီးနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ လီဗာပူးလ်အတွက် ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးမိုဟာမက်ဆာလာက ချန်ပီယံဆုအတွက် သတိပေးပြောဆိုမှုတွေကို ပွဲအပြီးမှာ ပြုလုပ်သွားခဲ့ပါတယ်။ ဆာလာဟာ မာနေးရဲ့ အဖွင့်ဂိုးအတွက် ဖန်တီးပေးနိုင်ခဲ့သလို ကိုယ်တိုင်လည်း လှပတဲ့ သွင်းဂိုးတစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလ်ရဲ့ ဦးဆောင်ဂိုးတွေကို မန်စီးတီးက ချေဖျက်နိုင်ခဲ့လို့ သရေပွဲနဲ့သာပြီးဆုံးခဲ့ပါတယ်။
ဒီပွဲအပြီးမှာတော့ ဆာလာဟာ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ထိပ်ဆုံးနေရာရောက်လာခဲ့ပါတယ်။ ၆ ဂိုးအထိ ဆာလာက သွင်းယူပေးထားပြီးဖြစ်ကာ အကောင်းဆုံးပုံစံကို ရရှိနေတဲ့ဆာလာက ပွဲအပြီးမှာတော့ သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ရေးသားပြောဆိုခဲ့တယ်လို့ liverpoolecho က ဖော်ပြခဲ့ပါတယ်။
ဒီရာသီအမှတ်ပေးဖလားအတွက် လက်ရှိမှာ မန်စီးတီးနဲ့ လီဗာပူးလ်တို့သာ ပြိုင်ဆိုင်ရမယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။ မနေ့က ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာလည်း ပွဲကောင်းတစ်ပွဲကို မြင်တွေ့ခဲ့ရပြီး သူတို့နှစ်သင်းရဲ့ ကစားသမားအင်အား၊ ကစားပုံတွေက အခြားသောအသင်းတွေထက် သာလွန်ကောင်းမွန်နေတယ်လို့လည်း ဝေဖန်သုံးသပ်သူတွေက ဆိုခဲ့ကြပါတယ်။