ပေါင်သန်း ၃၀၀ နဲ့ အသင်းကို လက်လွှဲပြောင်းဝယ်ယူလိုက်ပါပြီ။

Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ သူမက ပြောဆိုခဲ့တာဖြစ်ပြီး နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းဖြစ်လာဖို့ ထိုက်တန်မှုရှိကြောင်းလည်း ဆိုခဲ့ပါတယ်။ 


ဆော်ဒီလုပ်ငန်းစုက နယူးကာဆယ်ကိုလက်လွှဲဝယ်ယူအပြီးမှာ အသင်းဒါရိုက်တာသစ်ဖြစ်လာခဲ့တဲ့ Amanda Staveley က သူမတို့အနေနဲ့ ရေရှည်ရည်မှန်းချက်တွေ ချမှတ်ထားပြီး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ဖို့အထိ ပြင်ဆင်မျှော်မှန်းထားကြောင်း ပြောဆိုလိုက်ပါတယ်။ Sky Sports နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ သူမက ပြောဆိုခဲ့တာဖြစ်ပြီး နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းဖြစ်လာဖို့ ထိုက်တန်မှုရှိကြောင်းလည်း ဆိုခဲ့ပါတယ်။ 



"နယူးကာဆယ်က ပရီးမီးယားလိဂ်ထိပ်တန်းအဆင့်ဖြစ်ဖို့ ထိုက်တန်မှုရှိပါတယ်၊ ကျွန်မတို့က ဒီလိုဖြစ်လာဖို့လည်း ဆန္ဒရှိပါတယ်၊ အချိန်တော့ယူရမှာဖြစ်ပေမယ့်လည်း ဒါကို မဖြစ်ဖြစ်အောင်လုပ်ဆောင်သွားမှာပါ" လို့ PCP Capital Partnes ရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်၊ နယူးကာဆယ်ဘုတ်အဖွဲ့ဒါရိုက်တာလည်းဖြစ်လာတဲ့ သူမက ပြောဆိုခဲ့ပြီး အသင်းပရိသတ်တွေကို စိတ်အားတက်ကြွစေခဲ့ပြီဖြစ်ပါတယ်။ 

"ပရီးမီးယားလိဂ်ရဲ့ တစိတ်တပိုင်းဖြစ်ခွင့်ရလို့လည်း ဂုဏ်ယူမိပါတယ်၊ ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာအကောင်းဆုံးဖြစ်သလို နယူးကာဆယ်ကလည်း ကမ္ဘာ့အကောင်းဆုံးအသင်းတသင်းပါပဲ၊ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ အသင်းကိုထိပ်တန်းအဆင့်ဖြစ်လာအောင်လုပ်သွားမှာပါ၊ ဒါပေမယ့် ဆုဖလားတွေအတွက်ဆိုရင် စိတ်ရှည်ရပါမယ်၊ ရင်းနှီးရပါမယ်၊ အချိန်ယူရပါမယ်၊ အဲဒီလိုအသင်းဖြစ်လာဖို့ လိုအပ်တဲ့အရာတွေကိုတည်ဆောက်ရာမှာ အားလုံးနဲ့အတူတူလက်တွဲလုပ်ဆောင်သွားချင်ပါတယ်" လို့ သူမက ပြောဆိုခဲ့ပါတယ်။ 

Public Investment Fund (PIF) ရဲ့ ဦးဆောင်မှုအောက်က ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်တဲ့ PCP Capital Partners ဟာ မီဒီယာလုပ်ငန်းတွေကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Staveley ကတော့ ပိုင်ရှင်အသစ်ဟာ လိုအပ်သမျှအရာအားလုံးအတွက် ရင်းနှီးသွားချင်နေတယ်လို့လည်း ပြောဆိုခဲ့ပြီး ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့အညီ လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ အသင်းခေါင်းဆောင်လက်ဆဲလက်စ်နဲ့လည်း ဆွေးနွေးမှုတွေလုပ်ထားပြီးပြီလို့ ဆိုပါတယ်။ 

"ကျွန်မတို့မှာ ကစားသမားကောင်းအစုအဖွဲ့ရှိနေပါတယ်၊ လက်ဆဲလက်စ်နဲ့လည်း စကားပြောဆိုခဲ့ပြီး အသင်းလူစာရင်းက စိတ်လှုပ်ရှားစရာပါ၊ လူတိုင်းက နာမည်ကြီးကစားသမားတွေအကြောင်း ပြောနေပေမယ့် အတူတကွကောင်းကောင်းလုပ်ဆောင်ဖို့က ပိုပြီးတော့လိုအပ်ပါတယ်၊ ဒါက အရေးအကြီးဆုံးပါ၊ နည်းပြနဲ့လည်း နှုတ်ဆက်စကားပြောဆိုပြီး ရှေ့ဆက်မယ့်အရာတွေကို မကြာခင်ပြောဆိုသွားမှာပါ၊ နည်းပြအပြောင်းအလဲ၊ နာမည်ကျော်ပြောင်းရွှေ့မှုတွေအတွက်တော့ ဘာမှပြောဆိုထားတာမရှိပါဘူး" လို့ သူမက ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 

Share

က္က