ဘောလုံးပွဲဝေဖန်သူအားလုံးက သူ့ကို အပြစ်တင်ခဲ့ကြပါတယ်။

လီဗာပူးလ်နောက်ခံလူဗန်ဒိုက်ကတော့ အာဆင်နယ်နဲ့ပွဲက မာတင်နယ်လီရဲ့ အဖွင့်ဂိုးအတွက် ဝေဖန်ခံနေရပါတယ်။ အာဆင်နယ်နဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ဗန်ဒိုက်ရဲ့ ဘောလုံးဖျက်ထုတ်ပုံအမှားကနေ မာတင်နယ်လီက ဘောလုံးရသွားပြီး အာဆင်နယ်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ကာ ဗန်ဒိုက်ရဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်နဲ့ စိတ်ပိုင်းဆိုင်ရာက မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီတွေမှာ ဗန်ဒိုက်က ရိုးရွိုက်စ်ဆိုတဲ့ နာမည်နဲ့ တင်စားခံခဲ့ရပြီး လီဗာပူးလ်အတွက် ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီမှာ ခြေစွမ်းကျဆင်းနေပြီး အသင်းခံစစ်ပိုင်းကို ဦးဆောင်မှုပါ အားနည်းလာခဲ့သလို တဦးချင်းခြေစွမ်းနဲ့ ဆုံးဖြတ်ချက်တွေမှာလည်း ဗန်ဒိုက်က အမှားအယွင်းတွေရှိနေခဲ့ပါတယ်။ မနေ့ညပွဲစဉ်မှာ အာဆင်နယ်ရခဲ့တဲ့ နှစ်ဂိုးစလုံးက သူ့အမှားကနေ ပေးခဲ့ရတာပါ။ 

ကာရေဂါက အာဆင်နယ်ရဲ့ ဒုတိယဂိုးအတွက်သုံးသပ်ခဲ့ရာမှာ "တကယ်ကို ဆိုးရွားတဲ့ ခံစစ်ပိုင်းပါပဲ၊ လီဗာပူးလ်က အဲဒီလိုဖြစ်နေရမှာမဟုတ်ပါဘူး၊ ဂျီးဆပ်က ဧရိယာအလယ်မှာ မတ်တပ်ရပ်နေတာပါ၊ ဗန်ဒိုက် ဘောလုံးကို ကြည့်နေပြီး ဘာဖိအားမှလည်း ပေးနိုင်တဲ့ အနေအထားမှာ မရှိခဲ့ပါဘူး၊ အာဆင်နယ်အတွက် အရမ်းကို လွယ်ကူလွန်းခဲ့ပါတယ်၊ သူ့ ကံကြမ္မာကို သူ ယုံတောင်ယုံမှာမဟုတ်ဘူးဆိုတာ ကျနော် လောင်းရဲတယ်" လို့ ပြောခဲ့ပါတယ်။ 

အာဆင်နယ်ရဲ့ ပထမဂိုးမှာဆိုရင် ဗန်ဒိုက်ဟာ သူ့ဆီရောက်လာတဲ့ ဘောလုံးကို ဖျက်ထုတ်ရာမှာ မာတင်နယ်လီဆီကို ပေးမိသလိုဖြစ်သွားခဲ့ရပါတယ်။ ရွိုင်ကိန်းက "လီဗာပူးလ်ခံစစ်က အရက်သမားအသင်းလိုပါပဲ၊ ဘာတွေမှန်းကိုမသိဘဲ ရှုပ်ယှက်ခတ်နေပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။ ဗန်ဒိုက်ကို လီဗာပူးလ်ပရိသတ်တွေကိုယ်တိုင်က ဝေဖန်ခဲ့ကြပြီး ဆိုးရွားတဲ့ပုံစံကိုသာ ပြသခဲ့တယ်လို့ ဆိုခဲ့ကြတာပါ။ 


နောက်ထပ်ဝေဖန်သူတဦးဖြစ်တဲ့ ဂယ်ရီနဗီးလ်ကလည်း ဗန်ဒိုက်က ကျောင်းသားတဦးလိုမျိုး ကစားသွားခဲ့တယ်လို့ ဝေဖန်ခဲ့ကာ အခြေခံကျတဲ့အရာတွေကိုတောင် လီဗာပူးလ်ခံစစ်က မလုပ်နိုင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။ 

Share

Loading Next Article...
က္က