ငွေကျပ်(၁၃၆) သိန်းဖိုး ဝယ်ယူထားတယ်လို့ သိရပါတယ်။

ယုန်လေးက အနုပညာညီအစ်ကိုတွေစုပေါင်းလှူဒါန်းထားတဲ့ အလှူငွေ (၁၃၆)သိန်းကို COVID-19 ကာကွယ်ရေး ပစ္စည်းတွေဝယ်ထားပြီး လိုအပ်တဲ့နေရာတွေမှာ လှူဒါန်း မယ်လို့ သိရပါတယ်။ 

Photo: Yone Lay



ယုန်လေးကတော့ COVID-19 ကာကွယ်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဆရာဝန်၊ ဆရာမ တွေအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ လှူဒါန်းမယ်လို့သိရပါတယ်။ဧပြီလ (၇) ရက်နေ့မှာတော့ ရန်ကုန်ဆေးရုံကြီးနဲ့ ဘိုကလေး ဆေးရုံကြီးတို့မှာ လှူဒါန်းသွားမယ့်အကြောင်း အခုလို ပြောပြလာပါတယ်။ 

“ ကျွန်တော်နဲ့ အတူ အနုပညာရှင်တွေ စုပေါင်း ထည့်ဝင်ထားတဲ့ အလှူငွေ အားလုံးပေါင်း (၁၃၆) သိန်းရပါတယ်။ ဒီထဲကနေမှ Mask တွေ၊ Spray တွေ၊ လက်အိတ်တွေရယ်၊ PPE( ၇ မျိုးပါ) ဝတ်စုံရယ်၊ ဒါတွေကို ( ၁၃၆) သိန်းဖို့ ဝယ်ထားပါတယ်။ ဒါတွေထဲက တချို့ကို ဆေးရုံကြီးမှာ လှူမယ်။ ပြီးတော့ ဘိုကလေးက ဆေးရုံအတွက် လှူပါမယ်။ နောက်ထပ်လည်း တကယ်ကို လိုအပ်မှုများနေတဲ့ ဆေးရုံတွေရှိရင်လည်း ကျွန်တော့်ကို လိပ်စာနဲ့ ဖုန်းနံပတ်လေးပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဆိုပြီးတော့ ဧပြီလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ဗီဒီယို ဖိုင်တင်ရင်း ပြောခဲ့တာ တွေ့ရပါတယ်။ 

Photo: Yone Lay

ဒီအလှူမှာတော့ သရုပ်ဆောင် နေတိုး၊ မြင့်မြတ်၊ ခါရာ၊ ဟိန်းထက် တို့က ငွေကျပ်(၁၀) သိန်းစီ ထည့်ဝင်လှူဒါန်းထားတာကို တွေ့ရပါတယ်။ သရုပ်ဆောင် စံရတီမိုးမြင့်နဲ့ ခြူးလေးတို့ကလည်း ငွေကျပ်(၅) သိန်းစီ လှူဒါန်းခဲ့ပါသေးတယ်။ နောက်ထပ် အနုပညာရှင်များနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း ပါဝင်ထည့်လှူထားကြတယ်လို့ ယုန်လေးက ဆက်လက် ပြောပြထားပါတယ်။ 

Photo: Yone Lay

ကမ္ဘာအနှံ့အပြားမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ကြောင့် သေဆုံးသွား တဲ့ လူဦးရေတွေ က အများကြီးရှိ လို့နေပါပြီ။ နိုင်ငံတော်တော်များများ မှာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေကိုလည်း ဝင်ခွင့် ၊ ထွက်ခွင့်တွေ ပိတ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ လူစုလူဝေး အများအပြားနဲ့ ပြုလုပ်ရတဲ့ အကယ်ဒမီပေးပွဲ၊ သင်္ကြန်ပွဲတွေ လုပ်ခွင့်မရတော့သလို ရုပ်ရှင်ရုံတွေလည်း ယာယီ ပိတ်ထားရတယ်လို့ သိရပါတယ်။ အနုပညာရှင် တော်တော် များ များကလည်း အဆိုပါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တစ်ဖက်တစ်လမ်းက တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။

Photo: Yone Lay

ယုန်လေးက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ လူငယ်အကြိုက် အမိုက်စား အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးနေတာဖြစ်ပါတယ်။ သူဟာ Original Gangster 1 ရုပ်ရှင်ဇာတ်ကားကြီးကို စတင်ရိုက်ကူးခဲ့တာက စပြီး ပရိသတ်တွေနဲ့ ထပ်တူကျခဲ့လို့ အောင်မြင်မှုနေရာ တစ်နေရာကို ရရှိလာခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

က္က