ကစားသမားဘဝ ပထမဆုံးအကြိမ် ဆွတ်ခူးဖို့ နီးစပ်နေတာပါ။

ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၂၂မှတ်အထိ အသာစီးရယူထားနိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ်တွေကတော့ ၁၁ပွဲသာ ကစားဖို့ရှိနေတာလည်း ဖြစ်ကာ ဆုဖလားရရှိဖို့ သေချာသလောက်ဖြစ်နေပါပြီ။ 


လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ အကောင်းဆုံးအခြေအနေကိို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း ဆုဖလားဆွတ်ခူးခဲ့ပါက ဆုတံဆိပ်ရရှိတယ်ဆိုတာကို သူမသိဘူးလို့ ဆာဒီယိုမာနေးက ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားခဲ့ပါတယ်။ ဆီနီဂေါတိုက်စစ်မှူးဟာ လီဗာပူးလ်ရဲ့အဓိကကစားသမားအဖြစ် ခြေစွမ်းပြနေသူလည်းဖြစ်ပါတယ်။ 

ဒီရာသီမှာ လီဗာပူးလ်အတွက် သွင်းဂိုး ၁၃ဂိုး နဲ့ ဖန်တီးမှု ၆ကြိမ်ကို ၂၄ပွဲကစားပေးအပြီးမှာ မာနေးက စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ယာဂင်ကလော့ပ်ရဲ့အသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၂၂မှတ်အထိ အသာစီးရယူထားနိုင်ခဲ့ပြီး လက်ကျန်ပွဲစဉ်တွေကတော့ ၁၁ပွဲသာ ကစားဖို့ရှိနေတာလည်း ဖြစ်ကာ ဆုဖလားရရှိဖို့ သေချာသလောက်ဖြစ်နေပါပြီ။ 

ဒါပေမယ့်လည်း ဆုတံဆိပ်ရရှိမှုနဲ့ ပတ်သက်ပြီး မာနေးက "ကျွန်တော်တို့ ဆုဖလားဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ဆုတံဆိပ်ပါရမယ်ဆိုတာကို မနေ့က ကျွန်တော်ကြားခဲ့ရပါတယ်၊ အဲဒီလိုမျိုးပေးတယ်ဆိုတာကို ကျွန်တော်ဘယ်တုန်းကမှ မသိခဲ့ဘူး၊ ဒါပေမယ့် ကျွန်တော် ဆုတံဆိပ်ကို ဂရုမစိုက်ပါဘူး၊ ဆုဖလားရဖို့က လွယ်ကူတယ်လို့ ပြောချင်တာလား? အိုး.. အဲဒီလိုဖြစ်ချင်တာပေါ့"

"ပရီးမီးယားလိဂ်က ကမ္ဘာပေါ်မှာအကောင်းဆုံးလိဂ်ဆိုတာ ကျွန်တော်တို့သိနေတာပဲ၊ ဆုဖလားလိုချင်ရင် တစ်ပွဲချင်းစီကို အာရုံစိုက်ပြီး ရာနှုန်းပြည့်ကြိုးစားရမှာပါ၊ ကျွန်တော်တို့ အမြဲတမ်း အဲဒီလိုကြိုးစားခဲ့ပြီး အလုပ်ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒါပေမယ့် ဒါကိုဆက်ထိန်းသိမ်းထားမှ ကျွန်တော်တို့လိုချင်တာကို ရယူနိုင်မှာပါ၊ ကျွန်တော့်ပစ်မှတ်ကတော့ ဆုဖလားသိမ်းပိုက်ပြီး အဆုံးသတ်ဖို့ပါပဲ" လို့ မာနေးက BBC နဲ့ တွေ့ဆုံမှုမှာ ပြောဆိုသွားခဲ့ပါတယ်။

ဆာဒီယိုမာနေးကတော့ ဆဲလ်ဘတ်ကနေ ဆောက်သမ်တန်၊ ဆောက်သမ်တန်ကနေ လီဗာပူးလ်ကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပါတယ်။ လီဗာပူးလ်ကစားသမားဘဝမှာ ချန်ပီယံလိဂ်ဖလားကို သိမး်ပိုက်ထားနို်င်ခဲ့ပြီး အခုအချိန်မှာတော့ အသင်းနဲ့အတူ ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ အခွင့်အရေးကောင်းကို ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ 

Share

က္က