သမီးကြီး Zakera အကြောင်းတွေ ပြောပြလာပါတယ်။

သန္တာလှိုင်က သားသမီးရကံကောင်းတဲ့ မိခင်တစ်ယောက်ဖြစ်တယ်လို့ ဖွင့်ဟပြောခဲ့ပါတယ်။ သမီးကြီးဖြစ်သူ Zakera ဟာ အသက် ၁၆ နှစ်သာရှိသေးပေမယ့် ရင့်ကျက်၊ လိမ္မာတဲ့ သမီးတစ်ယောက်ဖြစ်နေပြီလို့ သူကဆိုပါတယ်။

Photo: သန္တာလှိုင်



သန္တာလှိုင်က သမီးဖြစ်သူ Zakera ရဲ့ အကြောင်းတွေ ပြောပြလာပါတယ်။ သမီးကြီးဟာ သူမ စိုးရိမ်ရတဲ့ သမီးတစ်ယောက်မဟုတ်ခဲ့တဲ့ အကြောင်းကိုလည်း Duwun Media ကနေ ပြောပြလာပါတယ်။

‘’အစ်မသမီးဆိုရင် ကိုယ်အရင်တုန်းက အမေနဲ့ဖြစ်ခဲ့ဖူးတဲ့ ပြဿနာမျိုးတွေ၊ ကိုယ်စိုးရိမ်ထားတဲ့ ပြဿနာမျိုးတွေ လုံးဝမရှိတဲ့အပြင် သူက အရမ်းကိုနားလည်မှုရှိပြီးတော့ အရမ်းရင့်ကျက်တယ်။ မောင်လေးကိုလည်း အရမ်းဂရုစိုက်တတ်လာတယ်’’ လို့ ဆိုပါတယ်။

Photo: သန္တာလှိုင်

သမီးကြီး Zakera ရဲ့ လိမ္မာပါးနပ်မှုတွေကတော့ မိခင်ဖြစ်သူ သန္တာလှိုင်အတွက် တစ်ကယ်ကို ကျေနပ်စရာကောင်းလှပါတယ်။ ဒါကြောင့်လည်း သန္တာလှိုင်က သားသမီးရ ကံကောင်းတယ်လို့ ဆက်လက် ပြောထားပါသေးတယ်။

‘’ အမေကို အထင်ကြီးတာလည်းပါလိမ့်မယ်။ အမေကိုအထင်ကြီးတဲ့သူဖြစ်တဲ့အတွက် အမေဘာလုပ်လုပ် သူဝင်ဆန့်ချင်တယ်၊ သူပါချင်တယ်။ အဲဒီအချိန်မှာ လူကြီးနဲ့ ဝင်ဆန့်အောင်ပေါင်းတယ်။ ကလန်ကဆန်လုပ်တာမျိုး မရှိပဲနဲ့ နောက်တာပြောင်တာကအစ လူကြီးအရမ်းဆန်လာတာဆိုတော့ အစ်မ ကံကောင်းတယ်လို့ပြောရမယ်’’ လို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

Photo: သန္တာလှိုင်

သန္တာလှိုင်ဟာ ပထမအိမ်ထောင်နဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ သားသမီးတွေနဲ့ သူမနဲ့ကြားမှာ မပွင့်မလင်းဖြစ်ခဲ့တာမျိုးလေးတွေ ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လက်ရှိအမျိုးသားနဲ့ လက်တွဲဖြစ်ခဲ့ချိန်မှာတော့ မိသားစုကြားမှာ ပျော်ရွှင်စရာလေးတွေ ပြန်တည်ဆောက်နိုင်ခဲ့ပြီလို့ သူကပြောပါတယ်။

‘’ သားသမီးတွေနဲ့ ပတ်သက်ပြီး အစ်မအရမ်းကံကောင်းတယ်လို့ပြောရမယ်။ အစ်မအမျိုးသားနဲ့ မတွေ့ခင်တုန်းက သူတို့လေးတွေနဲ့ နည်းနည်းကွာဟမှုရှိခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် Close မဖြစ်ဘူး။ ကလေးတွေကလည်း သူတု့ိအဖေကို ပစ်သွားတယ်ဆိုပြီးတော့ ကိုယ့်ကို နည်းနည်းလေး ငြိုငြင်ချင်မှာပေါ့နော်။ အစ်မအမျိုးသားနဲ့ စတွေ့တဲ့အချိန်မှာ သူတို့လည်း အရမ်းပြောင်းလဲလာပြီ’’ လို့ ဆိုပါတယ်။ 

Photo: သန္တာလှိုင်

သန္တာလှိုင်ရဲ့ သမီးကြီး Zakera ဟာ အသက် ၁၆ နှစ်ရှိပြီဖြစ်ပါတယ်။ သားငယ်လေးကတော့ အခုဆိုရင် အသက် ၈ နှစ်အရွယ်ရှိပြီလို့ သိရပါတယ်။ သန္တာလှိုင်ဟာ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့သူပါ။ အဲဒီနောက် တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်အားပေးမှုကို ရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ Professional Model တစ်ယောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က