‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ အတွက် လင်းလင်းကတော့ ပထမဆုံးခြေလှမ်း စတင်နေတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ ဇာတ်ပို့သရုပ်ဆောင် အံ့မင်းညိုရဲ့သမီးလေး ကျန်းမာရေးအတွက် လိုအပ်တာတွေကို ထောက်ပံ့ပေးနိုင်ဖို့ ဆွေးနွေးနေပြီလို့ ဆိုပါတယ်။
Photo: Lin Lin Fb
အဆိုတော်လင်းလင်းက သမီးလေးတွေ နာမည်နဲ့ တည်ထောင်ထားတဲ့ ‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ အတွက် ပရဟိတလုပ်ငန်းတွေ စတင်လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ လင်းလင်းဟာ ပထမဦးဆုံးအနေနဲ့ ဇာတ်ပို့သရုပ်ဆောင် အံ့မင်းညိုရဲ့ သမီးလေး ကျန်းမာရေးအတွက် လိုအပ်တာတွေကို သွားရောက်မေးမြန်းနေတယ်လို့ သိရပါတယ်။
‘’ကိုအံ့မင်းညိုရဲ့ သမီးလေး မွေးရာပါနှလုံးအပေါက်ပါ ကျန်းမာရေးကိစ္စနှင့်ပတ်သတ်ပြီး ဆရာဝန်ကြီးများနှင့် တွေ့ဆုံပြင်ဆင်ခါ လုပ်ဖို့လိုအပ်တာမှန်သမျှ ခေတ်သစ်ဖောင်ဒေးရှင်း မှ ဆောင်ရွက်ဖို့ စကားသွားေြ ပာဖြစ်ပါတယ်’’ ဆိုပြီးတော့ ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီ ၄၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Photo: Lin Lin Fb
‘’ခေတ်သစ်ဖောင်ဒေးရှင်း’’ ကို ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ(၁၉) ရက်နေ့မှာ ကျရောက်ခဲ့တဲ့ ခေတ်နဲ့သစ်တို့ရဲ့ အသက်(၂)နှစ်ပြည့် မွေးနေ့လေးကစလို့ ဖောင်ဒေးရှင်းကို စတင် တည်ထောင်ဖွဲ့စည်းခဲ့တာပါ။ ဖေဖော်ဝါရီ(၂) ရက်နေ့ကစလို့ ဖောင်ဒေးရှင်းကို စတင်အကောင်အထည်သွားမှာဖြစ်တယ်လို့လည်း ဇန်နဝါရီ( ၁၇) ရက်နေ့က ပြုလုပ်တဲ့ “ခေတ်သစ်”ဖောင်ဒေးရှင်း သတင်းစာရှင်းလင်းပွဲမှာ ချစ်သုဝေက ပြောခဲ့တာပါ။
Photo: Lin Lin Fb
“ခေတ်သစ်”ဖောင်ဒေးရှင်းကို (၁၄)နှစ်တာ ကာလသတ်မှတ်ထားပြီး အဆင့်(၇)ခု ခွဲကာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးအဆင့်မှာ ကလေးသူငယ်များရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသက်(၅)နှစ်အောက် ကလေးများ အမှန်တကယ်ခွဲ စိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါရောဂါရှင်များအတွက် ရည်ရွယ်ကာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
Photo: လင်းလင်း Fb
လက်ရှိမှာတော့ လင်းလင်းနဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံဟာ ‘’ခေတ်သစ် ဖောင်ဒေးရှင်း’’ အတွက် အလှူငွေကျပ် သိန်း ၂၀၀ ကို မတည်ထားတယ်လို့ သိရပါတယ်။ အဲဒီနောက် Channel 7 ရဲ့ မိသားစု Program မှာလည်း ‘’ခေတ် နဲ့ သစ်တို့ရဲ့ ကမ္ဘာ’’ ဆိုတဲ့ အစီအစဉ်ကို ရိုက်ကူးပြီး အလှူငွေတွေလည်း ထည့်လှူနိုင်ဖို့ စီစဉ်ထားတယ်လို့ ချစ်သုဝေက မီဒီယာတွေကို ပြောပြခဲ့ဖူးပါတယ်။