သူတို့ ဝါသနာတွေကို မပိတ်ပင်ထားဘူး။

အဆိုတော်အဲလက်စ်ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ်က ဖခင်အတိုင်းပဲ ဂီတအလုပ်ကို ဝါသနာပါတယ်လို့ပြောပါတယ်။ အဲလက်စ် ဟာ သားသမီး တွေရဲ့ ဝါသနာ ကို ချုပ်ကိုင်ထားခြင်းမရှိဘူးလို့လည်းပြောပါတယ်။ မကြာခင်မှာ ဒိုရာအဲလက်စ်ကိုယ်တိုင် ပြင်ဆင်ထားတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ရှိတော့မှာပါလို့ဆိုပါတယ်။

 

အဆိုတော်အဲလက်စ်ရဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ် က ဂီတအလုပ်ကို ဝါသနာပါတယ်လို့ ပြောပါတယ်။ သားတစ်ယောက် သမီးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ဖေဖေ အဲလက်စ်က ကလေးတွေရဲ့ ဝါသနာကို ပိတ်ပင်ထားခြင်းမရှိတဲ့အကြောင်းကိုသြဂုတ်လ တစ်ရက်နေ့ညက Pullman Hotel မှာ ပြုလုပ် တဲ့ AGD Bank ရဲ့ Credit Card မိတ်ဆက်ပွဲကိုတက်ရောက်ရင်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' သားသမီးတွေအပေါ် ကျွန်တော်ဖြစ်စေချင်တာကတော့မရှိပါဘူး။ သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးထားတယ်၊ သူတို့ကိုလည်း စိတ်ချမ်းသာ စေချင်ပါတယ်။ ဂီတအလုပ်တွေကိုလည်း ထွေထွေထူးထူး သင်ပေးတာရယ်လို့တော့ မရှိပါဘူး။ ကျွန်တော့်ရဲ့ ပရိသတ်တွေ အားလုံးကိုလည်း သတိရပါတယ်'' လို့ ပြောပါတယ်။

တစ်ကိုယ်တော်ခွေအသစ်နဲ့ ပရိသတ်ရှေ့ ပြန်လာတော့မယ့် ဖြိုးကြီး 

Music ကို ဝါသနာပါတဲ့ သမီးဖြစ်သူ ဒိုရာအဲလက်စ်ကို အမြဲတမ်းစကားပြောရင်း အတွေ့အကြုံတွေ သင်ပေးဖြစ်တယ်လို့ ပြောပါတယ်။ မကြာခင်မှာလည်း ဒိုရာအဲလက်စ်ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေ ထွက်ရှိမယ့်အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' သူနဲ့ အမြဲတမ်းတွေ့နေရတာဆိုတော့ အမြဲတမ်းစကားပြောနေရင်းနဲ့ သင်ပေးဖြစ်တယ်ထင်ပါတယ်။ ဒါကလည်း သဘာဝအတိုင်းပါပဲ အဖေနဲ့ သမီး စကားပြောနေရင်း နဲ့ ကိုယ့်အတွေ့အကြုံလေးတွေကို Sharing လုပ်ပေးဖြစ်တာပေါ့နော်။ သမီးက အခုအခွေထွက်တော့မယ် အခုတော့ နွေရာသီ ကျောင်းတက် နေရတယ်'' လို့ ဆိုပါတယ်။

 

ဒိုရာအဲလက်စ်ရဲ့ တစ်ကိုယ်တော်သီချင်းအခွေ ထွက်ရှိလာရင်လည်း ပရိသတ်တွေ အားပေးကြဖို့ မျှော်လင့်တယ်လို့ အဲလက်စ်က ပြောပါတယ်။ ဒီအခွေပြင်ဆင်ခဲ့တုန်းကလည်း အဖေရောအမေရော ပါဝင်ကူညီစရာမလိုပဲ ဒိုရာအဲလက်စ်ကိုယ်တိုင် ပြင်ဆင်ထားတာဖြစ်ကြောင်း ပြောပြခဲ့ ပါသေးတယ်။

'' သူလည်း သီချင်းတွေတော့ သွင်းထားတယ်။ မကြာခင် တစ်ကိုယ်တော်အခွေထွက်တော့မှာပါ ပရိသတ်တွေ နားထောင်ကြည့်ပေါ့နော်။ အခွေကိုလည်း အစ်ကိုလည်း ဝိုင်းမလုပ်ပေးဘူး၊ သူ့အမေလည်း ဝိုင်းမလုပ်ပေးဘူး၊ ဒီအခွေကို သူ့ဘာသာသူပဲ လုပ်နေတာပါ'' လို့ အဆိုတော် အဲလက်စ် ကပြောပါတယ်။

 

အဆိုတော်အဲလက်စ်ဟာ အခုချိန်မှာတော့ ဂီတလောကနဲ့ အနည်းငယ်အလှမ်းဝေးနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အခုချိန်မှာတော့ သူချစ်ရတဲ့ မိသားစုကို အချိန်ပေးနေတာဖြစ်ပါတယ်။ အဲလက်စ်မှာ သူချစ်ရတဲ့ ဇနီးရယ်၊ သားတစ်ယောက် ၊ သမီးတစ်ယောက်ရှိပါတယ်။ ဂီတ  အလုပ်တွေပြန်လုပ်ဖို့တော့ မရှိသေးဘူးလို့ပြောပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

က္က