နိုင်းနိုင်းက အားလပ်ရက်တွေမှာ သားသမီးတွေနဲ့အတူ တစ်နေ့တာကို ပျော်ပျော်ပါး ပါးဖြတ်သန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းမှာပဲ နိုင်းနိုင်းနဲ့ဇနီးဖြစ်သူ စန္ဒီချိုတို့ဟာ အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။
Photo: နိုင်းနိုင်း
သရုပ်ဆောင်နိုင်းနိုင်းက လက်ရှိမှာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာနေထိုင်တဲ့ မိသားစုတွေဆီကို ရောက်ရှိ နေတာဖြစ်ပါတယ်။ သားသားမီးမီးလေးတွေရဲ့ ကျောင်းပိတ်ရက်မှာတော့ ပျော်ပျော်ပါးပါး ဆော့ကစားရင်း အားလပ်ချိန်တွေကို ဖြတ်သန်းဖြစ်တယ်လို့ ဆိုပါတယ်။
‘’အပျင်းပြေ တနင်္ဂနွေ လေးပါပဲ။ ကလေးတွေနဲ့ ဆော့ရတာကိုယ်ပါ ကလေးပြန်ဖြစ်သွားသလိုခံစားရတယ်။ ငယ်ငယ်တုန်းက မဆော့ခဲ့ရတာတွေ ကိုယ့်ကလေးတွေနဲ့ ပြန်ဆော့ရတာ #Actor99’’ ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၃ နာရီ ၅၂ မိနစ်က ရေးခဲ့တာဖြစ်ပါတယ်။
Photo: နိုင်းနိုင်း
၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ မြင်ရသူ ပရိသတ်တွေအဖို့ကြည်နူးဖို့ကောင်း ပါတယ်။ နိုင်းနိုင်း နဲ့ စန္ဒီချိုတို့မှာ သမီး ၃ ယောက်၊ သားတစ်ယောက်ရှိပါတယ်။
Photo: နိုင်းနိုင်း
နိုင်းနိုင်းက မြန်မာနိုင်ငံရဲ့ နာမည်ကျော်သရုပ်ဆောင်မင်းသားတွေထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ သူ့အနေနဲ့ လက်ရှိမှာလည်း အနုပညာအလုပ်တွေ ဆောင်ရွက်နေတာဖြစ်သလို အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာရှိတဲ့ မိသားစုတွေကိုလည်း အချိန်ရရင် ရသလို သွား ရောက်နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်။ အရမ်းကိုချစ်စရာကောင်းပြီး ကြည်နူးမှုတွေလည်း ပိုင်ဆိုင်ထားတဲ့ သူတို့ မိသားစုလေးကို အားမကျတဲ့ ပရိသတ် မရှိသလောက်ပါပဲ။
Photo: နိုင်းနိုင်း
နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချို တို့ဟာ ဇန်နဝါရီလ ၉ ရက်နေ့က အိမ်ထောင်သက်တမ်း ၁၁ နှစ်ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ နိုင် းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိရင်တော့ မြန်မာနိုင်ငံကို ရောက်ရှိနေတတ်ပါတယ်။ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။