အမှိုက်ကောက်ရ ရှင်းရတာ ခက်ခဲလွန်းပါတယ်။

ချစ်သုဝေက သူမကိုချစ်တဲ့ ပရိသတ်တွေနဲ့ အတူ အမှိုက်ကောက် သန့်ရှင်းရေးတွေ လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူမရဲ့ ပရိသတ်တွေကလည်း ဝမ်းသာပီတိဖြစ်လို့နေကြပါတယ်။

Photo: Chit Thu Wai



အဆိုတော် ချစ်သုဝေက Clean up challenge အနေနဲ့ မတ်လ ၂၇ ရက်နေ့က ပရိသတ်တွေနဲ့ အတူတူ အမှိုက်ကောက်ခဲ့တာဖြစ်ပါတယ်။ သူမကိုယ်တိုင် အမှိုက်ကောက်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြလာပါတယ်။

‘’အမှိုက်ဆိုတာပစ်ရတာလွယ်သလောက် တစ်စ ထက် တစ်စပုံလာတဲ့အမှိုက်တွေကို ကောက်ရ ရှင်းရတာ လက်တွေ့မှာ ခက်ခဲလွန်းပါတယ်။ အားလုံး ကိုယ့်အမှိုက်ကို ကိုယ်တိုင်တာဝန်ယူတဲ့ challenge လေးလည်း ကိုယ့်လိပ်ပြာကို ကိုယ်တိုင်စိန်ခေါ်သင့်ပါတယ်လို့ clean up challenge ပြီးရင် ရှင်းပြီးတဲ့နေရာတွေပြန်မပွစေဖို့ Keep clean challenge လေး ကိုယ့်ဘာသာသတိပေးပြီး လုပ်ကြရအောင်လို့’’ ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့ ည ၉ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

Photo: Chit Thu Wai

အဲဒီနောက် ချစ်သုဝေက အမှိုက်အတူတူကောက်ခဲ့ကြတဲ့ သူမရဲ့ ပရိသတ်တွေနဲ့ အတူရိုက်ခဲ့တဲ့ အမှတ်တရ ဓာတ်ပုံတွေလည်း တင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ လုပ်ဆောင်မှုတွေအတွက် ဂုဏ်ယူပေးခဲ့ကြတဲ့ ပရိသတ်တွေကလည်း Comment ကနေတဆင့် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။

Photo: Chit Thu Wai

ချစ်သုဝေ(Chit Thu Wai) ဟာ အဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ အဲ့ဒီနောက် သရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ပါ ရပ်တည်ခဲ့ပါသေးတယ်။ ၂၀၁၄ ခုနှစ်မှာတော့ အဆိုတော် လင်းလင်းနဲ့ လက်တွဲပြီး အိမ်ထောင်တစ်ခု တည်ဆောက်ခဲ့ကာ ၂၀၁၇ ခုနှစ်မှာ ချစ်စရာကောင်းတဲ့ အမြွှာသမီးလေးတွေဖြစ်တဲ့ မေမြန်မာသစ်နဲ့ မေမြန်မာခေတ်တို့ကို မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အမြွှာသမီးလေးတွေရဲ့ မေမေချစ်သုဝေဟာ အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

Photo: Chit Thu Wai

အမှိုက်သန့်ရှင်းရေး ပညာပေးအနေနဲ့ဆောင်ရွက်နေကြတဲ့အနုပညာရှင်တွေအနေနဲ့ နန်းခင်ဇေယျာ၊ ထွန်းကိုကို၊ ဇွဲပြည့်၊ သီရိရှင်းသန့်၊ ဇေယျ အပြင် ချစ်သုဝေ တို့ကလည်း ပါဝင်လုပ်ဆောင်လာတာကို တွေ့ရပါတယ်။ သူတို့နဲ့အတူ သူတို့ကို ချစ်ခင်အားပေးကြတဲ့ We Love လေးတွေကလည်း ဒီအမှိုက်ကောက် တဲ့ နေရာမှာ ပါဝင်ခဲ့ကြပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က