ဒဏ်ရာတွေနဲ့ သေဆုံးနေတာပါ။

ဒီကနေ့ မနက် (၉) နာရီအချိန်လောက်က ကျောက်တန်းမြို့နယ်အတွင်း စက်မှုဇုန်တွေ ရှိရာ မြန်မာ့စီးပွားရေးကော်ပရေးရှင်း (MEC) လမ်းမကြီးဘေးအနီး၊ ကုမ္ပဏီ လေးခု ပိုင်ဆိုင်တဲ့ မြက်ခင်းပြင်မှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

Photo- Htun Htun Naing

အသက် (၃၆) နှစ်အရွယ် အမည်မသိအမျိုးသမီးတစ်ဦးရဲ့ အလောင်းကို ဒီကနေ့ ဒီဇင်ဘာ ၁၂ ရက် မနက်ပိုင်းက သန်လျင်၊ ကျောက်တန်းမြို့နယ် က MEC လမ်းမကြီးဘေးအနီးတွေ့ရှိခဲ့တယ်လို့ ကျောက်တန်းမြို့မရဲစခန်းကနေ သိရပါတယ်။

လက်ရှိအချိန်ထိသေဆုံးသူမှာ မည်သူမည်ဝါမှန်းသေချာစွာ မသိရသေးလို ဘာကြောင့်သေဆုံးရတာလဲဆိုတာကိုလည်း မသိရသေးဘူးလို့ ကျောက်တန်းမြို့မရဲစခန်းတာဝန်ကျရဲတစ်ဦးက Duwun ကိုပြောပါတယ်။

“ သေဆုံးခြင်းနဲ့ ပတ်သက်လို့ ဆေးစာပြန်ကြားချက်ရမှ စုံစမ်းရမှာပါ။လတ်တလောက အမည် ဘယ်သူဘယ်ဝါမှန်းမသိရသေးဘူးလေ။ တခြားသူတွေလည်း စုံစမ်းသိရတယ်ဆို ရဲစခန်းကို အကြောင်းကြားပေးပါလို့ ပြောချင်ပါတယ်” လို့ တာဝန်ကျရဲက ဆိုပါတယ်။

သေဆုံးမှုကို သေမှုသေခင်းအမှတ်စဉ် (၁၄) နဲ့ အမှုဖွင့်ပြီး စုံစမ်းစစ်ဆေးဆောင်ရွက်ထားတယ်လို့ ကျောက်တန်းမြို့မရဲစခန်းကနေ သိရပါတယ်။ 

သေဆုံးသူ နဲ့ ပတ်သက်ပြီး အချက်အလက် သိသူများအနေနဲ့ ကျောက်တန်းမြို့မရဲစခန်း ဖုန်း ၀၅၆-၂၅၅၀၄ ကို ဆက်သွယ်အကြောင်းကြားပေးဖို့လည်း ကြေညာထားပါတယ်။

Share

Loading Next Article...
က္က