အနုပညာကြေးလည်း ပေးပါမယ်တဲ့။

သရုပ်ဆောင် သားညီက လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအတွက် သရဲကာရိုက်တာနဲ့ သရုပ်ဆောင်ဖို့ အမျိုးသမီး သရုပ်ဆောင် တစ်ယောက် အမြန်ဆုံး ရရှိနိုင်ရေးအတွက်  ရှာဖွေနေပါတယ်။

 

သားညီကတော့ သရဲကာရိုက်တာနဲ့ သရုပ်ဆောင်ဖို့ အမျိုးသမီး သရုပ်ဆောင်တစ်ယောက် အမြန်ဆုံး ရရှိနိုင်ရေးအတွက်  ရှာဖွေနေပါတယ်။ အနုပညာကြေးလည်း ပေးမှာဖြစ်လို့ သရုပ်ဆောင်အတွေ့အကြုံ နည်းနည်းရှိသူ ဖြစ်ရမယ်လို့ လည်း သေသေချာချာလေး ရေးသားထားပါသေးတယ်။

'' မနက်ဖြန်ည နိုင်ငံခြားသား Director နဲ့ သရဲဇာတ်လမ်း အတိုလေးရိုက်ဖို့ အမျိုးသမီးသရုပ်ဆောင်တစ်ယောက် လိုချင်ပါ တယ်။လူအဖြစ် သုံးခန်းလောက်နဲ့ကျန်တာ သရဲမအဖြစ် မိတ်ကပ်လိမ်းပြီး သရုပ်ဆောင်ရမှာပါ။ အနုပညာကြေးလည်းပေးမှာပါ။ စိတ်ဝင်စားရင် ကျွန်တော့် CB ကို ဆက်သွယ်ပေးပါသရုပ်ဆောင်ဖူးတဲ့လူပဲလိုချင်တာပါဗျ'' ဆိုပြီးတော့ သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ရေးခဲ့တာပါ။

 

သားညီဟာ အခုလက်ရှိမှာတော့ သစ္စာချည်တိုင်ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ရတဲ့ အတွက်ကြောင့်လည်း အပျော်ကြီး ပျော်နေတာဖြစ်ပါတယ်။

'' '' ဟိုးအရင် သရုပ်ဆောင်ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်။ အားပေးကြပါလို့ သရုပ်ဆောင်အသစ်လေးကို၊ ဒီဇာတ်ကားထဲ မှာ လည်း ၄၀ ကျော်အချစ်လေးတွေကို ပြန်တွေ့ရပါမယ်။ သားညီရဲ့ ၄၀ ကျော်အချစ် ဝတုတ်လေးကို သစ္စာချည်တိုင် ဇာတ်ကားမှာ အားပေးကြပါ လို့'' သူကဆိုပါတယ်။

သရုပ်ဆောင်ပြန်လုပ်ရလို့ အရမ်းတွေပျော်နေတဲ့ သားညီ 

သားညီဟာ အနုပညာအလုပ်နဲ့ပတ်သက်ပြီး သရုပ်ဆောင်အဖြစ် မတွေ့ရတော့တာ တော်တော်ကို ကြာခဲ့ပါပြီ။ ဒါရိုက်တာ တစ်ယောက်အဖြစ် နဲ့သာ ရပ်တည်လျှက်ရှိတာကြောင့် သူ့ရဲ့ သရုပ်ဆောင်မှုအရည်အချင်းတွေကို ပရိသတ်တွေ မတွေ့ရတာပါ။ သားညီကိုယ်တိုင် ရိုက်ကူးထားတဲ့ ပက်ပက်စက်စက်ညှို့ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ကြွေ ရုပ်ရှင်ဇာတ်ကားကြီးတို့ကလည်း ပရိသတ်အားပေးမှု များစွာ ရရှိခဲ့ပါတယ်။

 

သားညီကိုယ်တိုင် ဒါရိုက်တာ စဖြစ်ဖြစ်ချင်း ပထမဦးဆုံးအကြိမ် ရိုက်ကူးထားတဲ့ လူကြမ်းတစ်ယောက်ရဲ့ ဒိုင်ယာရီ ရုပ်ရှင်ဇာတ်ကားကြီးကို သြဂုတ်လ ၁၇ ရက်နေ့ ကတည်းက ရုံတင်ပြသပြီးခဲ့ပါတယ်။ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့လို့လည်း အောင်မြင်မှုတွေ ရရှိခဲ့ပါသေးတယ်။ ဒီဇာတ်ကား ထဲမှာ လူမင်း၊ ယုန်လေး၊ ထူးခြား နဲ့ ထားထက်ထက် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

Share

Loading Next Article...
က္က