အမျိုးသမီးနဲ့ မိန်းကလေးငယ် ခုနစ်ဦးကိုသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။

ဆိုက်ပရပ်စ်မှာ အမျိုးသားတစ်ဦးက အမျိုးသမီးနဲ့ မိန်းကလေးငယ် ခုနစ်ဦးကိုသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုလိုက်ပြီး နိုင်ငံရဲ့ ပထမဆုံး ဆက်တိုက်လူသတ်မှုများ ဖြစ်လာခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ပြောပါတယ်။

(အလောင်းရှာဖွေနေစဉ်) (Photo: EPA)

ယခုလ အစောပိုင်းက မိုင်းတွင်းဥမင်တစ်ခုအတွင်း အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့ရပြီး တတိယမြောက် အလောင်းကို ယမန်နေ့ (ဧပြီ ၂၅ ရက်) မှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။ တတိယမြောက်အလောင်းကို လူသတ်မှုကျူးလွန်ခဲ့ကြောင်း သံသယရှိသူက လိုက်လံပြသမှုအရ ဆိုက်ပရပ်စ်မြို့တော် Nicosia မြို့အနီး စွန့်ပစ်ထားတာကို တွေ့ခဲ့ရပါတယ်။

လူသတ်တရားခံအဖြစ် အဓိက သံသယရှိသူဟာ ဆိုက်ပရပ်စ်ရှိ ဂရိလူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့မှ အသက် ၃၅ နှစ်အရွယ် နီကော့စ် မက်တာဆက် (Nicos Metaxas) ဆိုသူ အရာရှိတစ်ဦးဖြစ်ပြီး ၎င်းက နောက်ထပ် လူသတ်မှုတွေ ကျူးလွန်ခဲ့ကြောင်းကိုလည်း ဖြောင့်ချက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရဲတပ်ဖွဲ့က ၎င်းရဲ့ ထွက်ဆိုချက်များကို အခြေခံပြီး ရေကန်အပါအဝင် နေရာတွေမှာ အလောင်းရှာဖွေမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

(အလောင်းရှာဖွေနေစဉ်) (Photo: Kathimerini Cyprus)

အသတ်ခံရသူတွေအနက် အိန္ဒိယ သို့မဟုတ် နီပေါ အမျိုးသမီးတစ်ဦး၊ ဖိလစ်ပိုင်အမျိုးသမီးများ၊ ရိုမေးနီးယား အမျိုးသမီးနဲ့ သူမရဲ့ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူတို့ ပါဝင်ကြောင်းသိရပါတယ်။ ရိုမေးနီးယား အမျိုးသမီးဟာ အသက် ၃၆ နှစ်အရွယ် ဖလော်ရင်တီနာ ဘူနီယာဖြစ်ပြီး သမီးဖြစ်သူကတော့ အယ်လ်လီနာ နာတာလီယာ ဘူနီယာဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်း ပျောက်ဆုံးသွားခဲ့ကြတယ်လို့ Xinhua သတင်းက ပြောပါတယ်။ အသတ်ခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ အသက် ၆ နှစ်အရွယ် သမီးဖြစ်သူလည်း ပျောက်ဆုံးနေပါတယ်။

နောက်ထပ် အသတ်ခံရသူတစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသမီး မာရီကာ ဗောလ်ဒက်စ် အာကွီယိုလာဖြစ်ပြီး သူမကို လိင်ဆက်ဆံနေစဉ် လည်ပင်းညှစ်သတ်ခဲ့တယ်လို့ သိရပါတယ်။ ဆက်တိုက်လူသတ်သမားအဖြစ် သံသယရှိသူဟာ အမျိုးသမီးတွေကို ဖူးစာဖက်ရှာဖွေရေးဝက်ဘ်ဆိုက် (dating website) တစ်ခုမှာ တွေ့ဆုံမိတ်ဖွဲ့ခဲ့တယ်လို့ဆိုပါတယ်။ ထို့နောက် အပြင်မှာချိန်းဆိုကာ သတ်ပစ်ခဲ့ကြောင်း ကောက်ချက်ချထားပါတယ်။

(အလောင်းရှာဖွေနေစဉ်) (Photo: Kathimerini Cyprus)

အသတ်ခံရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေဟာ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းနဲ့ ၂၀၁၈ ခုနှစ်အတွင်း ပျောက်ဆုံးသွားခဲ့ကြတာ ဖြစ်ပါတယ်။ ယခုလက်ရှိ တွေ့ရှိထားတဲ့ အလောင်းသုံးလောင်းဟာ ဖိလစ်ပိုင်တွေဖြစ်တယ်လို့လည်း သိရပါတယ်။ ဆိုက်ပရပ်စ်ရဲတပ်ဖွဲ့က ဆက်တိုက် လူသတ်သမားအဖြစ် သံသယရှိသူကို တရားရုံးချုပ်မိန့်ရယူပြီး ထိန်းသိမ်းထားကာ အမှုကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန် စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်သူများထံမှ အကူအညီ တောင်းခံထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က